မိုင်းဖြတ် ဇွန် ၁၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ၂၀၂၂ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ဇွန်လ ၁၇ရက် နံနက် ၆နာရီက အထက(မိုင်းဖြတ်)နှင့် မြို့နယ်ပညာရေးမှူးရုံးတို့တွင် ထုတ်ပြန်ကြေငြာထားရှိကြောင်း သိရသည်။
မိုင်းဖြတ်မြို့နယ်တွင် ၂၀၂၂ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းတွင်ဖြေဆိုသူ အထက(မိုင်းဖြတ်)မှ (၅၁)ဦး၊ အထက(ဟိုနား)မှ (၂၇)ဦး၊ ကံ့ကော်စံကိုယ်ပိုင်အထက်တန်းသင်ကျောင်းမှ (၁၈)ဦး၊ စုစုပေါင်း(၉၆)ဦး နှင့် အလွတ်ဖြေဆိုသူ (၁၀၇)ဦး စုစုပေါင်း (၂၀၃)ဦးရှိရာ ကျောင်းတွင်းဖြေဆိုအောင်မြင်သူ (၁၈)ဦး၊ အလွတ် ဖြေဆိုအောင်မြင်သူ(၈)ဦး စုစုပေါင်း (၂၆)ဦး ဖြေဆိုအောင်မြင်ပြီး ကျောင်းတွင်းဖြေဆိုအောင်မြင်မှုရာခိုင်နှုန်းမှာ (၁၈.၇၅)၊ အလွတ်ဖြေဆိုအောင်မြင်မှုရာခိုင်နှုန်းမှာ (၇.၄၇) ရာခိုင်နှုန်း စုစုပေါင်း(၁၂.၈၀)ရာခိုင်နှုန်းဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးကသိရသည်။
အဆိုပါဖြေဆိုအောင်မြင်သူများအနက် မြန်မာစာဂုဏ်ထူးရှင်(၃)ဦး၊ ဇီဝဗေဒဂုဏ်ထူးရှင်(၄)ဦး၊ ဘောဂဗေဒ ဂုဏ်ထူးရှင် (၂)ဦး စုစုပေါင်းဂုဏ်ထူးရှင် (၆)ဦး ပေါ်ထွက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)