တာချီလိတ်မြို့၌ ဆိုင်ကယ် Taxi အား ခရီးသည်အဖြစ်အသွင်ယူ ငှါးရမ်းပြီး ဓားထောက်လုယက်မှု ဖြစ်ပွား

တာချီလိတ် ဇွန် ၁၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့၊ ရွှေတာချီလူမှုကူညီရေးအဖွဲ့ ဆိုင်ကယ် Taxi အသင်းသား တစ်ဦးအား ယမန်နေ့ညပိုင်းက ခရီးသည်အဖြစ် အသွင်ယူငှားရမ်းပြီး ဓားထောက်လူယက်မှုဖြစ်စဉ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဆန်ဆိုင်း()ရပ်ကွက်၊ ဆိုင်ကယ် Taxi ဂိတ်သို့ ခရီးသည်တစ်ဦးက မြို့ပြင်ဟွေခိုက်ကျေးရွာ၊ စာသင်ကျောင်း အနီးသို့လိုက်ပို့ရန် ငှားရမ်းရာ  အဆိုပါ ရွာအနီးသို့ရောက်ရှိချိန်တွင် ဓားဖြင့်ထောက်၍ ဆိုင်ကယ်အား လုယက်မှုပြုလုပ်ခဲ့ကြောင်း၊ လုယက်ခံရသူ ရွှေတာချီ Taxi အသင်းသား ဦးမျိုးလွင်က ခရီးသည်ဟန်ဆောင် လုယက်သူအား ပြန်လည်ခုခံခဲ့ခြင်းကြောင့် ထိုသူမှာ ဆိုင်ကယ်အား ထားပစ်ကာ ထွက်ပြေးသွားခဲ့ကြောင်း၊ ဦးမျိုးလွင်မှာ ပြန်လည်ခုခံရင်း ဘယ်ဘက်နံကြားနှင့် ဘယ်ဘက်ပေါင်တို့တွင် ဓားဒဏ်ရာ တစ်ချက်စီ ရရှိခဲ့သဖြင့် ခရိုင်ပြည်သူ့ဆေးရုံသို့သွားရောက် ဆေးဝါးကုသမှုခံယူလျက်ရှိကြောင်း သိရသည်။

ဒဏ်ရာရရှိသူ ဦးမျိုးလွင်အား ရွှေတာချီလူမှုကူညီရေးအသင်းဥက္ကဋ္ဌ ဦးဘိုစံကော်မတီဝင် ဦးဘမိုးမြင့်၊ ဦးသိန်းမြင့်တို့ ကသွားရောက်ကြည့်ရှု ဆေးကုသမှုစရိတ်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း၊ တရားခံအား အမြန်ဆုံးဖမ်းဆီးနိုင်ရေး ရဲတပ်ဖွဲ့က ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

ယာဆေး( ပြန်/ဆက်)