မြောက်ဦး ဇွန် ၁၇
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်အတွင်းရှိ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာ မေးပွဲ အောင်မြင်သူများစာရင်းအား မြန်မာနိုင်ငံတစ်ဝန်းရှိ သက်ဆိုင်ရာမြို့နယ်ပညာရေးမှူးရုံးနှင့် စာစစ်ဌာနများတွင် ယနေ့ နံနက် ၆ နာရီ အချိန်မှ စတင်၍ ထုတ်ပြန်လျက်ရှိရာ အောင်စာရင်းများအား ကျောင်းသူ၊ ကျောင်းသား မိဘများတို့က လာရောက်ကြည့်ရှုလျက်ရှိကြောင်း သိရသည်။
မြောက်ဦးမြို့နယ်အတွင်းတွင် စာစစ်ဌာန(၇)ခုရှိပြီး ဝင်ရောက်ဖြေဆိုသည့် ကျောင်းသား၊ ကျောင်း သူ စုစုပေါင်း (၂၅၁၉)ဦးရှိကာ စာမေးပွဲအောင်မြင်သူ (၁၃၄၄) ဦးနှင့် ၆ ဘာသာဂုဏ်ထူးရှင် ၁ ဦး၊ ၅ ဘာသာဂုဏ်ထူးရှင် ၈ ဦး၊ ၄ ဘာသာဂုဏ်ထူးရှင် ၁၄ ဦး၊ ၃ ဘာသာဂုဏ်ထူးရှင် ၂၆ ဦး၊ ၂ ဘာသာ ဂုဏ်ထူးရှင် ၄၃ ဦးနှင့် ၁ ဘာသာဂုဏ်ထူးရှင် ၃၇၃ ဦး ရှိပြီး အောင်ချက် ရာခိုင်နှုန်းမှာ(၅၃.၃၅) ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
မြင့်စိုး (ပြန်/ဆက်)