မလှိုင်မြို့နယ်၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု အခြေခံသင်တန်းဖွင့်လှစ်ပို့ချ

မလှိုင် ဇွန် ၁၇

မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှကြီးမှူး၍ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအခြေခံသင်တန်း၌ မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌမှ ယမန်နေ့မွန်းလွဲ(၁)နာရီတွင် ဆွေနွေးပို့ချခဲ့ကြောင်း သိရသည်။

ပြည်သူများသဘာသဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးမှုများ လျော့ပါးသက်သာစေရေးအတွက် သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးလုပ်ငန်းများကို ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ ကျယ်ကျယ်ပြန့်ပြန့်သိရှိလိုက်နာဆောင်ရွက်ရန်အတွက် ယခုကဲ့သို့သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ ကမ္ဘာ့နိုင်ငံအသီးသီးနှင့် မြန်မာနိုင်ငံတွင်ဖြစ်ပွားခဲ့သောသဘာဝနှင့် လူကြောင့်ဖြစ်ပွားခဲ့သောဘေးအန္တရာယ်များ၊ ဘေးအန္တရာယ်ဖြစ်ပွားပါက ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များကို ဗွီဒီယိုဖိုင်မှတ်တမ်းများ၊ ပါဝါပွိုင့်များဖြင့် မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူးဦးစိုးမင်းထက်မှ ဆွေးနွေးပို့ချခဲ့ပါသည်။

အဆိုပါသင်တန်းကို (၁၅.၆.၂၀၂၂)ရက်နေ့မှ (၁၇.၆.၂၀၂၂)ရက်နေ့အထိဖွင့်လှစ်မည်ဖြစ်ပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (၆)ဦး၊ မြို့နယ်မီးသတ်ဦးစီးဌာန(၅)ဦး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့(၅)ဦး၊ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး(၄)ဦး၊ ပရဟိတလူမှုရေးအသင်းသား (၁၀)ဦး၊ စုစုပေါင်း (၃၀)ဦး တက်ရောက်လျက်ရှိကြောင်း သိရသည်။

အောင်ဌေး(မလှိုင်)