မြေပုံ ဇွန် ၁၇
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့နယ်၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်သူများစာရင်းအား မြို့နယ်ပညာရေးမှူးရုံးနှင့် စာစစ်ဌာနရှိသည့် ကျောင်းအသီးသီတွင် ယနေ့ နံနက်(၆) အချိန်မှစတင်၍ တစ်ပြိုင် တည်း ထုတ်ပြန်ကြေညာလျက်ရှိပြီး တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းအား ကျောင်းသား၊ ကျောင်း သူများနှင့် မိဘများက လာရောက်ကြည့်ရှုလျက် ရှိသည်။
အဆိုပါ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူများစာရင်း လာရောက်ကြည့်ရှုသူများ အေးချမ်းစွာ ကြည့်ရှုနိုင်စေရန် လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာဌာနဆိုင်ရာ ဝန်ထမ်းကများက လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးလျက်ရှိသည်။
မြေပုံမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၂၂၇၁)ဦးရှိကာ အောင်မြင်သူ (၉၉၅)ဦးရှိပြီး အောင်ချက်ရာခိုင်နှုန်းမှာ ၄၃.၈၁% ရာခိုင်နှုန်းရှိပြီဖြစ်ကြောင်းနှင့် ခြောက်ဘာသာဂုဏ်ထူးရှင်(၁)ဦး၊ ငါးဘာသာဂုဏ်ထူးရှင်(၃)ဦး၊ လေးဘာသာဂုဏ်ထူးရှင် (၅)ဦး၊ သုံးဘာသာဂုဏ်ထူးရှင်(၃၉)ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် (၅၀)ဦးနှင့် တစ်ဘာသာဂုဏ်ထူးရှင် (၂၉၄)ဦးရှိကြောင်း မြေပုံမြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
တင်ဝင် (ပြန်/ဆက်)