ဝမ်းတွင်းမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းထုတ်ပြန်

ဝမ်းတွင်း ဇွန် ၁၇

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်၊ အခြေခံပညာကျောင်းများတွင် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်များထုတ်ပြန်ခြင်းကို ယနေ့နံနက်ပိုင်းက သက်ဆိုင် ရာစာစစ်ဌာနများတွင် ဆောင်ရွက်ထားရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ဝမ်းတွင်းမြို့နယ်အနေဖြင့် တက္ကသိုလ်ဝင်စာမေးပွဲကြီးတွင် ဖြေဆိုသူ(၁၀၀၇)ဦး၊ အောင်မြင်သူ(၅၇၁)ဦး၊ အောင်ချက်အနေဖြင့် (၅၆.၇၀)ရာခိုင်နှုန်းရှိကြောင်းနှင့် ဂုဏ်ထူးရရှိသူစာရင်းမှာ (၆)ဘာသာ(၁)ဦး၊ (၅)ဘာသာ(၃)ဦး၊ (၄)ဘာသာ(၅)ဦး၊ (၃) ဘာသာ(၁၈)ဦး၊ (၂)ဘာသာ (၂၉)ဦး၊ (၁)ဘာသာ(၁၅၇)ဦး၊ စုစုပေါင်းဂုဏ်ထူးရ ကျောင်းသား၊ ကျောင်းသူ(၂၁၃)ဦးရှိ ကြောင်းသိရသည်။

အဆိုပါ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်များကို ဝမ်းတွင်းမြို့နယ်အနေဖြင့် မြို့နယ်ပညာရေးမှူးရုံးနှင့် သက်ဆိုင်ရာစာစစ်ဌာနများတွင် ထုတ်ပြန်ကြေညာထားကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)