ဆီဆိုင်မြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများထုတ်ပြန် ကြေညာ

ဆီဆိုင် ဇွန် ၁၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်သည့် ကျောင်းသား၊ ကျောင်းသူများ စာရင်းကို ယနေ့ နံနက်ပိုင်းက စာစစ်ဌာနများဖြစ်သည့် အခြေခံပညာအထက်တန်းကျောင်းများနှင့် ပညာရေးမှူးရုံး တို့တွင်ကြေညာခဲ့သည်။

အဆိုပါ တက္ကသိုလ်ဝင်စာမေးပွဲတွင် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား(၂၃၇)ဦး၊ ကျောင်းသူ(၅၀၄) ဦး၊ စုစုပေါင်း(၇၄၁)ဦး ဝင်ရောက်ဖြေဆိုခဲ့ရာ ကျောင်းသား(၆၃)ဦး၊ ကျောင်းသူ(၂၀၆)ဦး၊ စုစုပေါင်း (၂၆၉)ဦး အောင်မြင်ခဲ့၍ နှစ်ဘာသာဂုဏ်ထူးရှင်(၃)ဦး၊ တစ်ဘာသာဂုဏ်ထူးရှင်(၇၂)ဦးထွက်ရှိခဲ့ပြီး အောင်ချက်ရာခိုင်နှုန်းမှာ(၃၆.၃)ရာခိုင်နှုန်းအထိ အောင်မြင်ခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

မျိုးမြတ်(ဆီဆိုင်)