ကျောက်မဲ ဇွန် ၁၇
၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို ယနေ့နံနက် (၆)နာရီ အချိန်က မြို့နယ်ပညာရေးမှူးရုံး၌ ထုတ်ပြန်ကြေညာခဲ့ရာ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူ(၄၄.၇၆%) ရာခိုင်နှုန်းရှိကြောင်း သိရသည်။
ကျောက်မဲမြို့နယ်အနေဖြင့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် စာစစ်ဌာန (၁)ခုသာရှိပြီး ကျောင်းသား၊ ကျောင်းသူ (၃၅၃)ဦး ဝင်ရောက်ဖြေဆိုခဲ့ရာ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူ (၁၅၈)ဦးရှိကြောင်း အောင်ချက်ရာခိုင်နှုန်းအနေဖြင့် (၄၄.၇၆%)ရှိကာ (၁) ဘာသာဂုဏ်ထူး (၅၇)ဦး၊ (၂)ဘာသာဂုဏ်ထူး(၈)ဦး၊ (၃)ဘာသာဂုဏ်ထူး(၄)ဦး၊ (၄)ဘာသာ ဂုဏ်ထူး(၂)ဦး၊ (၅)ဘာသာဂုဏ်ထူးရှင်(၁)ဦး၊ စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ (၇၂)ဦး ဂုဏ်ထူး ရရှိခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံးက တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။
မိုင်းထွန်း(ပြန်/ဆက်)