သံတွဲ ဇွန် ၁၇
သံတွဲမြို့နယ်အတွင်းရှိ အသက် ၈၅ နှစ်အထက်ရှိ ဘိုးဘွားများအား လူမှုရေးပင်စင်များ ထောက်ပံ့ခြင်းကို ယမန်နေ့ မွန်းလွဲ ၂ နာရီက အမှတ်(၃)ရပ်ကွက်၊ အမှတ်(၁)ရပ်ကွက်၊ အမှတ်(၅) ရပ်ကွက်နှင့် အမှတ်(၆)ရပ်ကွက်များသို့ သွားရောက်၍ အသက် ၈၅နှစ်အထက်ရှိ ဘိုးဘွားများအား လူမှုရေးပင်စင်များ ထောက်ပံ့ပေးခဲ့သည်။
အဆိုပါ ထောက်ပံ့ရာသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးမိုးကျော်အောင်၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးမှူး ဒေါ်စိုးမြတ်သန္တာနှင့် ဝန်ထမ်းများ၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ အိမ်တိုင်ရာရောက် သွားရောက်၍ ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ထောက်ပံ့ရာတွင် ၂၀၂၂ ခုနှစ်အတွက် ဘိုးဘွားတစ်ဦးလျှင် တစ်လလျှင် ကျပ်တစ်သောင်းနှုန်းဖြင့် (၃)လစာ ကျပ်သုံးသောင်းတိတိကို ထောက်ပံ့ ပေးအပ်ခြင်းဖြစ်ပြီး သံတွဲမြို့နယ်တွင် ဘိုးဘွား (၁၂၄၇)ဦးအတွက် ထောက်ပံ့ငွေ ကျပ် (၃၇၄၁,၀၀၀၀၀) သိန်းကျပ် ထောက်ပံ့ပေးခဲ့ကြောင်း ဦးစီးမှူး ဒေါ်စိုးမြတ်သန္တာထံမှ သိရသည်။
ခရိုင်ပြန်/ဆက်