မက်မန်း ဇွန် ၁၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊မက်မန်းမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၏ တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို အ.ထ.က မက်မန်း ကျောင်းတွင် ယနေ့ နံနက်ပိုင်းက ထုတ်ပြန်ခဲ့ကြောင်းသိရသည်။
တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ထုတ်ပြန်လျက်ရှိပြီး မက်မန်းမြို့နယ်အနေဖြင့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွင်း အ.ထ.က မက်မန်းကျောင်းတွင် အတွဲ(၁)နှင့် အတွဲ(၇)ဘာသာတွဲများတွင် တက်ရောက်သင်ကြားခဲ့ပြီး အ.ထ.က မက်မန်းစာစစ်ဌာနတွင် တက္ကသိုလ် စာမေးပွဲဝင်ရောက်ဖြေဆိုသူ စုစုပေါင်း(၅၅)ဦးဖြေဆိုခဲ့ပြီ၊ အဆိုပါ(၅၅)ဦးအနက် အတွင်းဖြေ (၄၃)ဦးဖြေဆိုရာ(၁၅)ဦးအောင်မြင်ပြီး အပြင်ဖြေ(၁၂)ဦးဖြေဆိုရာ(၅)ဦးအောင်မြင်ပြီး အောင်မြင်မှုရာခိုင်နှုန်းရ အ.ထ.က မက်မန်းစာစစ်ဌာနအနေဖြင့် (၂၀၂၁-၂၀၂၂)ပညာသင်နှစ် တက္ကသိုလ်ဝင် တမ်းစာမေးပွဲအောင်ချက်ရာခိုင်နှုန်းအရ (၃၆.၃၆)ရာခိုင်နှုန်းအောင်မြင်းကြောင်း သတင်းရရှိသည်။
အ.ထ.က မက်မန်း စာစစ်ဌာနအနေဖြင့် တစ်နှစ်ထက်တစ်နှစ်အောင်ချက်ရာခိုင်နှုန်းများ ကောင်းလာပြီး ဖြေဆိုသူကျောင်းသား/သူများများပြားလာကြောင်း သိရသည်။
သန်းမြတ်စိုး(ပြန်/ဆက်)