ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ရခိုင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးဇော်အေးမောင် လူထုအခြေပြုဗဟိုဌာန(ဗဟန်း)Community Centre သို့ ရှားပါးစာအုပ်များလှူဒါန်း

ရန်ကုန် စက်တင်ဘာ ၇

ရန်ကုန်တိုင်းဒသကြီးအစိုးရအဖွဲ့၊ ရခိုင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးဇော်အေးမောင်သည် ယနေ့နံနက်ပိုင်းက ရန်ကုန်အနောက်ပိုင်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန (ဗဟန်း) Community Centre သို့ လာရောက်၍ ရခိုင်ပြည်နယ်၏ ရှားပါးစာအုပ်များကို လာရောက် လှူဒါန်းရာ ရန်ကုန်တိုင်းဒေသကြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်ဆွေက လက်ခံရယူပြီး ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့သည်။

အဆိုပါ ရှားပါးစာအုပ်များဖြစ်ကြသော ရခိုင်ဝေါဟာရ အဘိဓာန်ကျမ်းပေါင်းချုပ်၊ ရခိုင် ရှေးဟောင်း မြို့တော် ကျမ်း၊ ရခိုင်အပြောသဒ္ဒါ၊ ရခိုင်သမိုင်းမိတ်ဆက်၊ မြန်မာ့လွတ်လပ်ရေး မီးရှူးတန်ဆောင် အာရှနေဝန်းဆရာတော် အသျှင်ဦးဥတ္တမ၏ မော်ကွန်းဝင်သမိုင်း၊ မြောက်ဦး ခေတ် စစ်ဘုရင် သီရိသုဓမ္မရာဇာ၊ မြန်မာ-ရခိုင်-အင်္ဂလိပ်ခေတ်မီ နှစ်(၂၀၀)ပြက္ခဒိန်၊ မြောက်ဦးခေတ် ရခိုင်ပြည်ရွှေရောင်လွှမ်းချိန်နှင့် လထပ်ရက်ငင်-တည်ထွင်တွက်ပုံ အာကဎုန သဘာဝ စိန္တာကျမ်း စသည့် ရခိုင်သမိုင်းအတွက် ရှားပါးစာအုပ်များကို စာပေချစ်သူ၊ စာပေမြတ်နိုးသူ ပြည်သူများအနေဖြင့် အလွယ်တကူဖတ်ရှု လေ့လာဆည်းပူးနိုင်ရန် ရည်ရွယ်၍ လာရောက်လှူဒါန်းရခြင်းဖြစ်ကြောင်း ဆက်လက်၍လည်း ရှာပါးစာအုပ်များကို ပေးပို့ လှူဒါန်းသွားမည် ဖြစ်ကြောင်း သိရှိရသည်။

အောင်မြင့်(ပြန်/ဆက်)