သပိတ်ကျင်း ဇွန် ၁၇
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်အတွင်းရှိ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ၌ ဖြေဆိုထားသည့် အောင်စာရင်း များကို သက်ဆိုင်ရာစာစစ်ဌာန (၆) ခုရှိ အခြေခံပညာကျောင်းများတွင် ယနေ့နံနက် (၆) နာရီက တပြိုင်တည်းထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။
သပိတ်ကျင်းမြို့နယ်တွင် အ.ထ.က (သပိတ်ကျင်း) စာစစ်ဌာန၊ ဝါးဖြူတောင် (အ.ထ.က) စာစစ်ဌာန၊ ဇရပ်ကွင်း (အ.ထ.က) စာစစ်ဌာန၊ တွင်းငယ် (အ.ထ.က) စာစစ်ဌာန၊ တကောင်း (အ.ထ.က) စာစစ်ဌာန စုစုပေါင်းစာစစ်ဌာန (၆) ခုတွင် စာရင်းရှိ (၆၈၇) ဦးရှိပြီး ဝင်ရောက်ဖြေဆိုသူ (၆၂၅) ဦးအနက်မှ (၂၃၄) ဦး အောင်မြင်ခဲ့၍ (၃) ဘာသာဂုဏ်ထူးရှင် (၆) ဦး၊ (၂) ဘာသာဂုဏ်ထူးရှင် (၁၀) ဦး၊ (၁) ဘာသာဂုဏ်ထူးရှင်(၄၃)ဦး စုစုပေါင်းဂုဏ်ထူးရှင် (၅၉) ဦးရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ စာရင်းဇယားများအရ သိရှိရသည်။
၂၀၂၂ ခုနှစ်ပညာသင်နှစ် သပိတ်ကျင်းမြို့နယ်၏ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုအောင်မြင်သူ (၃၇.၄၄%) ရာခိုင်နှုန်းရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)