ထန်းတပင်မြို့နယ်တွင် တက္ကသိုလ်ဝင်တန်း အောင်ချက်ရာခိုင်နှုန်း ၅၀.၁၅ ထိအောင်မြင်

ထန်းတပင် ဇွန် ၁၇

 ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်းများကို ယနေ့နံနက်ပိုင်းမှစတင်၍ မြန်မာတစ်နိုင်ငံလုံးရှိ စာစစ်ဌာနများတွင် ထုတ်ပြန်ကြေငြာလျက်ရှိပြီး ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်အတွင်းရှိ စာစစ်ဌာနများတွင်လည်း တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်စာရင်းများကို ထုတ်ပြန်ခဲ့ရာ အောင်မြင်သည့် ရာခိုင်နှုန်းအနေဖြင့်(၅၀.၁၅)ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှသိရသည်။

ထန်းတပင်မြို့နယ်အတွင်း တက္ကသိုလ်ဝင်တန်းစာမေးပွဲကို အ.ထ.က (ထန်းတပင်)၊ အ.ထ.က (လှည်းဆိပ်)နှင့် အ.ထ.က(ကျူတော) စာစစ်ဌာန(၃)ခုတို့တွင် ကျင်းပ ပြုလုပ်ခဲ့ကြပြီး အ.ထ.က(ထန်းတပင်) စာစစ်ဌာနတွင် စာရင်းရှိ(၅၆၆)ဦး ဝင်ရောက်ဖြေဆိုသည့် ဦးရေ (၄၉၇)ဦးနှင့် အောင်မြင်သူ (၂၆၅)၊ အ.ထ.က(လှည်းဆိပ်) စာစစ်ဌာနတွင် စာရင်းရှိ(၁၀၄)ဦး ဝင်ရောက်ဖြေဆိုသည့် ဦးရေ (၈၆)ဦးနှင့် အောင်မြင်သူ(၃၀)ဦး၊ အ.ထ.က(ကျူတော)စာစစ်ဌာနတွင် စာရင်းရှိ(၁၀၃)ဦး ဝင်ရောက်ဖြေဆိုသည့်ဦးရေ (၉၇)ဦးနှင့် အောင်မြင်သူ(၄၆)ဦး စုစုပေါင်း စာစစ်ဌာန(၃)ခုတို့တွင် ကျောင်းတွင်းနှင့် ကျောင်းပြင်ပစာရင်းရှိ ဦးရေ(၇၇၃)ဦး ဝင်ရောက်ဖြေဆိုသည့် ဦးရေ (၆၈၀)ဦးနှင့် အောင်မြင်သူ (၃၄၁) ဦးရှိရာ အောင်မြင်သည့် ရာခိုင်နှုန်းအနေဖြင့်(၅၀.၁၅) ရာခိုင်နှုန်းဖြစ်ကြောင်း သိရသည်။

ဇင်မင်းထိုက်(ထန်းတပင်)