ဇေယျာသီရိမြို့နယ်၌ ၂၀၂၂ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများထုတ်ပြန်

 

ဇေယျာသီရိ ဇွန် ၁၇

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်တွင် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲအောင်စာရင်းများကို ယနေ့နံနက်ပိုင်းက အခြေခံပညာအထက်တန်းကျောင်းများ၌ ထုတ်ပြန်ကြေညာထားလျက်ရှိရာ အောင်မြင်သည့်ရာခိုင်နှုန်း ၄၃.၄၂ ရာခိုင်နှုန်းရှိကြောင်း သိရသည်။

အဆိုပါထုတ်ပြန်ကြေညာရာတွင် ဇေယျာသီရိမြို့နယ်ရှိ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၊ ပြည်စံအောင်အခြေခံပညာအထက်တန်းကျောင်း၊ ရေဆင်းအခြေခံပညာ အထက်တန်းကျောင်း၊ အမှတ်(၁၆) အခြေခံပညာအထက်တန်းကျောင်း၊ ကျောက်ချက်အခြေခံပညာအထက်တန်းကျောင်းနှင့် မြို့နယ်ပညာရေးမှူးရုံးတို့တွင် ထုတ်ပြန်ကြေညာထားလျက်ရှိ ပြီး ဇေယျာသီရိမြို့နယ်တွင် စာရင်းရှိ ၁၉၆၄ ဦးရှိပြီး ဖြေဆိုသူ ၁၈၄၇ ဦးရှိကာ ၈၀၂ ဦး အောင်မြင်ပြီး ၄၃.၄၂ ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှသိရသည်။

မြို့နယ်(ပြန်/ဆက်)