ရခိုင်ပြည်နယ် မောင်တောမြို့၌ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်း ထုတ်ပြန်ခဲ့ရာ အောင်ချက်ရာခိုင်နှုန်း ၃၆ ဒသမ ၂၇ ရာခိုင်နှုန်းရှိ

မောင်တော ဇွန် ၁၇

ရခိုင်ပြည်နယ် မောင်တောမြို့၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်း ထုတ်ပြန်ခြင်းကို ယနေ့နံနက် ၆ နာရီအချိန်မှစတင်၍ မြို့နယ်ပညာရေးမှူးရုံးနှင့် စာသင်ကျောင်းများတွင် ထုတ်ပြန်ပေးခဲ့ကြရာ ကျောင်းသား၊ ကျောင်းသူများနှင့် ကျောင်းသားမိဘများ စိတ်အေးချမ်းသာစွာ ကြည့်ရှုနိုင်ရေး အတွက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာ တာဝန်ရှိ သူများက ကူညီဆောင်ရွက်ပေးလျက်ရှိသည်။

မောင်တောမြို့နယ်အတွင်း တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက်ရာခိုင်နှုန်းသည် ၂၀၂၀ ခုနှစ်တွင် ၁၄ ဒသမ ၂၃ ရာခိုင်နှုန်းရှိခဲ့ရာ ယခု ၂၀၂၂ ခုနှစ်တွင် ၃၆ ဒသမ ၂၇ ရာခိုင်နှုန်းရှိခဲ့ပြီး အောင်ချက် ၂၂ ဒသမ ၀၄ ရာခိုင်နှုန်း မြင့်မားလာကြောင်း မြို့နယ်ပညာရေးမှူး ဦးစံသာကျော်ထံမှ သိရသည်။ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် မောင်တော မြို့နယ်မှ ဝင်ရောက်ဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူ (၁၂၉၆)ဦးရှိခဲ့ပြီး အောင်မြင်သူ (၄၇၀)ဦးရှိကာ အောင်ချက် ရာခိုင်နှုန်း ၃၆ ဒသမ ၂၇ ရာခိုင် နှုန်းရှိကြောင်းနှင့် မောင်တောမြို့နယ်အတွင်း ငါးဘာသာဂုဏ်ထူးရှင် ၃ ဦး ၊ လေးဘာသာဂုဏ်ထူးရှင် ၃ ဦး ၊ သုံး ဘာသာဂုဏ်ထူးရှင် ၂၇ ဦး ၊ နှစ် ဘာ သာ ဂုဏ်ထူးရှင် ၃၂ ဦး ၊ တစ်ဘာသာဂုဏ်ထူးရှင် ၁၂၉ ဦး ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

အောင်ကျော်စိန်၊ သက်လွင်စိုး