မဟာအောင်မြေမြို့နယ်၊ ကလေးစာဖတ်ခန်း၌ ဆေးရောင်ခြယ်ပြိုင်ပွဲ ကျင်းပ

မဟာအောင်မြေ  ဇွန်  ၁၇

မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်သို့ရောက်ရှိလာသော  ကျောင်းနေအရွယ် ကျောင်း သူ၊ ကျောင်းသားများကို ယနေ့ နံနက်(၁၀) နာရီ ချိန်က ဆေးရောင်ခြယ်ပြိုင်ပွဲကျင်းပ ဆောင်ရွက်ပေးခဲ့သည်။

ထိုသို့  ဆောင်ရွက်ပေးရာတွင်  မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ်၊ ပြန်ကြား ရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ  ဦးဘိုဘိုဟန်က ကျောင်းသူ၊ကျောင်းသားများ အချိန်ကိုအကျိုးရှိစွာ အသုံးချတက်စေရန်၊ အလုပ်လုပ်ရာတွင် သေသပ်စွာလုပ်ဆောင်တတ်စေရန်၊စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်ပြီး စာပေဖတ်ရှုသည့် အလေ့အကျင့်များ၊ အသိပညာဗဟုသုတများ တိုးပွားစေရေး၊ ဉာဏ်ရည်ဉာဏ်သွေးတိုးတက်စေရေးအတွက် ရည်ရွယ်၍ပြိုင်ပွဲများ  ဆောင်ရွက် ပေးရခြင်းဖြစ်ကြောင်း ပြောကြားပြီး ကျောင်းသူ၊ ကျောင်းသားများကလည်း စိတ်ပါဝင်စားစွာပါဝင် ယှဉ်ပြိုင်ကြပြီး ဆုရရှိသူများလည်း ဆုများချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။

အောင်ဇော်မင်း