ကွမ်းခြံကုန်း ဇွန် ၁၇
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်ခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၊ ကံကြီး/မကျီး ရပ်ကွက် ရတနာပုဲ(၁)လမ်းတွင် မြန်မာနိုင်ငံဆန်းစပါးအသင်းချုပ်၏ အစီအစဉ်ဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းဝင်းစိုးနှင့် အဖွဲ့ဝင်များ၏ကြီးကြပ်မှုတို့ဖြင့် မြို့နယ်စည်ပင် သာယာရေးအဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့တို့နှင့် ပူးပေါင်း ယမန်နေ့က လာရောက်ရောင်းချပေးခဲ့ကြောင်း သိရှိရသည်။
အဆိုပါစျေးရောင်းချရာတွင် ဒေသခံပြည်သူများ စျေးနှုန်းသက်သာစွာ ဝယ်ယူနိုင်ရေးအတွက် ဧည့်မထဆန်တစ်ပြည်လျှင် ၁၀၀၀/- ကျပ်နှုန်းဖြင့် (၅)ပြည့် တစ်အိတ်လျှင် (၅၀၀၀)ကျပ်၊ ပေါ်ဆန်မွှေးတစ်ပြည်လျှင် ၁၇၀၀ ကျပ်နှုန်းဖြင့် (၅)ပြည် တစ်အိတ်လျှင်(၈၅၀၀)ကျပ်ဖြင့်လည်းကောင်း၊ ဆီတစ်ဘူးလျှင်(၂၉၀၀)ကျပ်ဖြင့်လည်းကောင်း ကြက်ဥ(၁၀)လုံးတစ်ကဒ်လျှင် (၁၇၀၀)ကျပ်ဖြင့်လည်းကောင်း၊ အမဲ၁ပိသာ(၁၂၀၀၀)ကျပ်နှင့် ဆိတ် ၁ ပိသာ(၂၂၀၀၀)စျေးနှုန်းဖြစ် ပြည်သူများအား စျေးနူန်းသက်သာစွာ လာရောက်ရောင်းချပေးခဲ့ကြောင်း သိရသည်။
ဆွေနွယ်