သာစည် ဇွန် ၁၇
၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူစာရင်းကို ဇွန် ၁၇ ရက်ကထုတ်ပြန်ရာ မန္တလေးတိုင်းဒေသကြီးသာစည်မြို့နယ်တွင် အောင်ချက်ရာခိုင်နှုန်း ၅၁ ဒဿမ ၃၁ ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှသိရသည်။
သာစည်မြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာနငါးခုဖြင့်ဖြေဆိုသူ ၁၇၉၃ ဦးရှိရာ အောင်မြင်သူ ၉၂၀ ဦးဖြစ်ကြောင်းသိရပြီး ငါးဘာသာဂုဏ်ထူးရှင် ၁ ဦး၊ လေးဘာသာ ဂုဏ်ထူး ရှင် ၇ ဦး၊သုံးဘာသာဂုဏ်ထူးရှင် ၂၅ ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် ၄၆ ဦး၊ တစ်ဘာသာ ဂုဏ်ထူးရှင် ၃၁၀ ဦးနှင့် ရိုးရိုးအောင်မြင်သူ ၅၃၁ ဦးတို့ဖြစ်ကြောင်းသိရသည်။
၂၀၂၂ ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူစာရင်းကို သာစည်မြို့နယ်စာစစ်ဌာနငါးခုနှင့် မြို့နယ်ပညာရေးမှူးရုံးတို့၌ ထုတ်ပြန်ကြေညာပေးထားကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)