ဒက္ခိဏသီရိ ဇွန် ၁၇
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်အတွင်းရှိ စာစစ်ဌာနများနှင့် မြို့နယ်ပညာရေးမှူးရုံးတွင် ၂ဝ၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်စာရင်းများကို ယနေ့နံနက်၆နာရီ အချိန်က စတင်ပြီး ထုတ်ပြန်ကြေညာပေးကြောင်း သိရသည်။
ဒက္ခိဏသီရိမြို့နယ်အနေဖြင့် ၂ဝ၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို စာစစ်ဌာန(၂)ခု၌ ဖြေဆိုသူ (၄၀၈)ဦးတွင် ခြောက်ဘာသာဂုဏ်ထူးရှင်(၁)ဦး၊ ငါးဘာသာဂုဏ်ထူးရှင်(၁)ဦး၊ လေးဘာသာဂုဏ်ထူးရှင်(၁)ဦး၊ သုံးဘာသာဂုဏ်ထူးရှင် (၁၃)ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင်(၉)ဦး၊ တစ်ဘာသာဂုဏ်ထူးရှင်(၅၀)ဦး၊ ရိုးရိုးအောင်မြင်သူ(၇၅)ဦး စုစုပေါင်းဖြေဆိုအောင်မြင်သူ (၁၈၉)ဦးရှိပြီး အောင်ချက်ရာခိုင်နှုန်းအနေဖြင့် (၄၆ ဒသမ ၃၂)ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ဒက္ခိဏသီရိမြို့နယ်တွင် စာစစ်ဌာန(၂)ခု၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်း ထုတ်ပြန်ကြေညာထားမှုကို လူကိုယ်တိုင်လာရောက် ကြည့်ရှု့ကြသူများရှိသကဲ့သို့ မြန်မာနိုင်ငံစာစစ်ဦးစီး ဌာန၏ Website စာမျက်နှာ www.myanmarexam.org မှ စာမေးပွဲအောင်စာရင်း ကြည့်ရှု့သူ များလည်းရှိကြောင်း သိရသည်။
အောင်ကိုကို(ခရိုင်၊ပြန်/ဆက်)