ကျောက်ဆည် ဇွန် ၁၇
မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်မြို့နယ်၌ ၂၀၂၂ ခုနှစ် မတ်လ(၃၁)ရက် စတင်ဖြေဆိုခဲ့သည့် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို ယနေ့နက်ပိုင်းက စာဖြေဌာနအလိုက် ထုတ်ပြန်ကြေညာထားကြောင်း သိရသည်။
ကျောက်ဆည်မြို့၌ တက္ကသိုလ်ဝင်စာမေးပွဲကို စာဖြေဌာန(၅)ခု သတ်မှတ်ဆောင်ရွက်ခဲ့ပြီး အမှတ်(၁) အခြေခံပညာအထက် တန်းကျောင်း စာဖြေဌာနတွင်(၂၉၁)ဦး၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း စာဖြေဌာနတွင်(၁၅၁)ဦး၊ အမှတ် (၃)အခြေခံပညာအထက်တန်းကျောင်း စာဖြေဌာနတွင်(၁၉၄)ဦး၊ မင်းစုအခြေခံပညာအထက်တန်းကျောင်း စာဖြေဌာနတွင်(၅၂) ဦး၊ သံရွာအခြေခံပညာ အထက်တန်းကျောင်း စာဖြေဌာနတွင်(၇၃)ဦး စုစုပေါင်း(၇၆၁)အောင်မြင်ခဲ့ကြောင်း မြို့နယ်ပညာ ရေးမှူးရုံးမှ သိရသည်။
တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုအောင်မြင်ရာတွင် ကျောင်းသား(၂၆၆)ဦး၊ကျောင်းသူ(၄၉၅)ဦး စုစု ပေါင်း (၇၆၁)ဦးဖြစ်ကြောင်းနှင့် (၆)ဘာသာဂုဏ်ထူးရ(၁)ဦး၊ (၅)ဘာသာဂုဏ်ထူးရ(၁)ဦး၊ (၄) ဘာသာဂုဏ်ထူးရ(၃)ဦး၊ (၃)ဘာသာဂုဏ်ထူးရ(၅)ဦး၊ (၂)ဘာသာဂုဏ်ထူးရ(၂၂)ဦး၊ (၁)ဘာသာ ဂုဏ်ထူးရ(၁၇၈)ဦး၊ အောင်ချက်ရာခိုင်နှုန်း အနေဖြင့်(၄၆)ရာခိုင်နှုန်းဖြစ်ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)