ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ၃၄.၇၃ ရာခိုင်နှုန်းအထိအောင်မြင်

ဒဂုံအရှေ့  ဇွန်  ၁၇

၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်သူများစာရင်းအား မြန်မာနိုင်ငံတစ်ဝှမ်းရှိ သက်ဆိုင်ရာမြို့နယ်အသီးသီး၏ မြို့နယ်ပညာရေးမှူးရုံးများ နှင့် စာစစ်ဌာနများတွင် ယနေ့နံနက်(၆)နာရီ အချိန်မှစတင်၍ ထုတ်ပြန်လျက်ရှိသည်။
 

ဒဂုံအရှေ့ ပိုင်း မြို့နယ်၌ စာစစ်ဌာန(၂)ခုရှိပြီး ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၆၉၄) ဦးရှိရာ အောင်မြင်သူ ၂၄၁ ဦး၊ အောင်ချက်ရာခိုင်နှုန်းမှာ ၃၄.၇၃ ရာခိုင်နှုန်းရှိကြောင်း၊ ဘာသာစုံ ဂုဏ်ထူးရှင် (၁)ဦး၊ သုံးဘာသာဂုဏ်ထူးရှင်( ၅) ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် (၁၂) ဦးနှင့် တစ်ဘာသာဂုဏ်ထူးရှင်(၇၈)ဦး စုစုပေါင်းဂုဏ်ထူးရ ကျောင်းသား/သူ(၉၆)ဦးရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ဝင်းအိမွန်