ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့ အမှတ်(၁)အခြေခံပညာမူလတန်းကျောင်းတွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အကြိုဟောပြောပွဲ၊ နံရံကပ်စာစောင်များ ပြသဆောင်ရွက်

နမ့်ဆန် ဇွန် ၁၇

ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့ အမှတ်(၁) အခြေခံပညာမူလတန်းကျောင်း၌ ဇွန်လ(၂၆) ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက်ပိုင်း ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများမှ သွားရောက် ဆောင်ရွက်ခဲ့သည်။

အဆိုပါ အသိပညာပေးဆွေးနွေးရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ  ဒေါ်ထားထားလှိုင်က မူးယစ်ဆေးဝါးသုံးစွဲခြင်းဖြင့် ရရှိလာမည့် ဆိုးကျိုးများအကြောင်း သိကောင်းစရာများကို ဟောပြောပြီး နံရံကပ်စာစောင် ပြသဆောင်ရွက်ရာတွင် မူးယစ်ဆေးဝါးအကြောင်း သိကောင်းစရာများ၊ မူးယစ်ဆေးသုံးစွဲခြင်းကြောင့် ဖြစ်ပေါ်လာသည့်ဆိုးကျိုးများ၊ လူငယ်နှင့်မူးယစ်ဆေးဝါးသုံးစွဲမှု အကြောင်းအရာများ၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပြစ်ဒဏ်များ၊ မူးယစ်ဆေးဝါးအကြောင်းသိကောင်းစရာများကို ကျောင်းသား/ကျောင်းသူ၊ ကလေးသူငယ်များ အသိတရားများရရှိစေရန်အတွက် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး နံရံကပ်စာစောင် ပြသဆောင်ရွက်ထားရာ ကျောင်းသား၊ ကျောင်းသူများက     စိတ်ပါဝင်စားစွာဖြင့် လေ့လာကြည့်ရှုခဲ့ကြောင်း သိရပါသည်။

နမ့်ဆန်ဒေသ(ပြန်/ဆက်)