ဒဂုံမြို့နယ်၌ ၂၀၂၂ခုနှစ် တက္ကသိုလ်၀င်ခွင့်စာမေးပွဲအောင်စာရင်း ယနေ့နံနက်၌ ထုတ်ပြန်

ဒဂုံ ဇွန် ၁၇

ရန်ကုန်တိုင်းဒေသကြီး၊ အ​နောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ်တွင် အခြေခံပညာဦးစီးဌာနမှ ၂၀၂၂ ခုနှစ် မတ်လ ၃၀ရက်နေ့က ပြုလုပ်ခဲ့သည့် တက္ကသိုလ်၀င်ခွင့် စာမေးပွဲအောင်စာရင်းကို ယနေ့နံနက်ပိုင်းက သက်ဆိုင်ရာ စာစစ်ဌာနဖြစ်သည့် ဒဂုံမြို့နယ် အမှတ်(၁) အ​ခြေခံပညာ အထက်တန်း​ကျောင်းနှင့် ပညာ​ရေးမှုးရုံးတို့တွင် ထုတ်ပြန်လျက်ရှိကြောင်း သိရသည်။

ဒဂုံမြို့နယ်တွင် အခြေခံပညာ အထက်တန်းကျောင်း(၃)​ကျောင်း၊ အခြေခံပညာ အလယ်တန်းကျောင်း(၃) ကျောင်း၊ မူလတန်း​ကျောင်း (၆)​ကျောင်းနှင့် ကိုယ်ပိုင်ကျောင်း (၂)​ကျောင်းရှိပြီး ကျောင်းသားကျောင်းသူ (၄၇၇) ဦး ဖြေဆိုခဲ့ကြ​ကြောင်း သိရှိရသည်။

ယနေ့နံနက်ပိုင်းက အောင်စာရင်းများ ထုတ်ပြန်ခဲ့ရာစာရင်းရှိ (၅၂၅) ဦး၊ ဖြေဆိုသူ(၄၇၇)ဦးတွင် အောင်မြင်သူ (၂၉၇)ဦးရှိပြီး တစ်မြို့နယ်လုံးရာခိုင်နှုန်းအနေဖြင့် (၆၂.၂၆) ရာခိုင်နှုန်း အောင်မြင်ကာ ဘာသာစုံဂုဏ်ထူးရ (၁၅)ဦး၊ ငါးဘာသာ(၂၄)ဦး၊ လေးဘာသာ (၂၅)ဦး၊ သုံးဘာသာ(၁၅)ဦး၊ နှစ်ဘာသာ(၂၇)ဦး၊ တစ်ဘာသာ (၆၈)ဦး၊ စုစုပေါင်း ဂုဏ်ထူးဖြင့် အောင်မြင်သူ(၁၇၄)ဦးရှိကြောင်း ပညာ​ရေးမှူးထံမှ သိရှိရသည်။

​မေသန္တာ