ရမည်းသင်း ဇွန် ၁၇
မန္တလေးတိုင်းဒေသကြီးရမည်းသင်းမြို့နယ်အတွင်း ၂၀၂၂နှစ်တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများထုတ်ပြန်ခြင်းကို ဇွန် ၁၇ ရက်နံနက် ၄ နာရီက မြို့နယ်အတွင်းရှိ အခြေခံပညာ အထက်တန်းကျောင်းများ၌ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသာ ကိုဗစ်-၁၉ရောဂါ စည်းကမ်းများနှင့်အညီ ထုတ်ပြန်ထားကြောင်း သိရသည်။
ရမည်းသင်းမြို့နယ်အတွင်း အခြေခံပညအထက်တန်းကျောင်း(၁၄)နှင့်အခြေခံပညာအထက်တန်းကျောင်းခွဲ(၁၃)ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှသိရသည်။
၂၀၂၂ခုနှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုရန်စာရင်းရှိ(၂၆၇၆)ဦး၊ ဖြေဆိုပေါင်း(၂၅၃၈) ဖြေဆိုခဲ့ရာအောင်မြင်သူ(၁၄၈၅)ဦးရှိပြီး(၅၈.၅၁)ရာခိုင်နှုန်းအောင်မြင်ကြောင်း သတင်းရသည်။
ဇော်ဝင်းအောင်(ပြန်/ဆက်)