ကျောက်တလုံးကြီးမြို့တွင် သွေးလွန်တုတ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ်ခြင်း၊ အဘိတ်ဆေး (Abate) ခပ်ခြင်းများ ဆောင်ရွက်

ကျောက်တလုံးကြီး ဇွန် ၁၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့တွင် သွေးလွန်တုတ်ကွေးရောဂါ ကြိုတင်ကာကွယ်သည့်အနေဖြင့် ဖုံး၊ သွန်၊ လဲ၊ စစ်ခြင်း၊ အဘိတ်ဆေး (Abate) ခပ်ခြင်းကို ယမန်နေ့နံနက်(၉)နာရီအချိန်မှစ၍ ဌာနဆိုင်ရာရုံးများတွင် ဆောင်ရွက်ပေးခဲ့သည်။

ထိုသို့ ဆောင်ရွက်ရာတွင် ကျောက်တလုံးကြီးမြို့ တိုက်နယ်ပြည်သူ့ဆေးရုံးမှ ဒေါ်နန်းစန်းချိုက ဦးဆောင်၍ ဌာနဆိုင်ရာရုံးများတွင် ဖုံး၊ သွန်၊ လဲ၊ စစ်ခြင်း ဆောင်ရွက်ပြီး ရေကန်များအတွင်း အဘိတ်ဆေး (Abate) ခပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ မိုးရာသီကာလ အတွင်း ခြင်၊ ပိုးလောက်လန်းများ ပေါက်ဖွားမှုမရှိစေရန်နှင့် ပြည်သူများ သွေးလွန်တုတ်ကွေးရောဂါ မဖြစ်ပွားစေရန်အတွက် ကျန်ရှိနေသော ကျောင်းများ နှင့် ရပ်ကွက်၊ ကျေးရွာများတွင် ဖုံး၊ သွန်၊ လဲ၊ စစ်ခြင်း၊ အဘိတ်ဆေး (Abate) ခပ်ခြင်းလုပ်ငန်းများအား ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

စည်သူ(ပြန်/ဆက်)