ရပ်စောက်မြို့နယ်တွင် ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များငှားရမ်းပေး

ရပ်စောက် ဇွန် ၁၆

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများ စာပေဖတ်ရှုမှုပိုမိုမြင့်မားလာစေရန် ရွေ့လျား စာကြည့်တိုက်စနစ်ဖြင့် ဌာနဆိုင်ရာရုံးများသို့စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို ယနေ့နံနက် ၁၀ နာရီက ဆောင်ရွက်ခဲ့သည်။

ထိုသို့ စာအုပ်များငှားရမ်းပေးရာတွင် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ ရပ်စောက်မူလတန်းကြို ကျောင်းမှဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများထံသို့ ယခင်ငှားရမ်းပေးထားသော စာအုပ်များအား ပြန်လည်သိမ်းဆည်းပြီး သုတ၊ ရသစာအုပ်များကို အသစ်ပြန်လည် လဲလှယ်ငှားရမ်းပေးခဲ့ကြောင်းနှင့် ထိုသို့ငှားရမ်းပေးရခြင်းမှာ စာပေဖတ်ရှုမှု ပိုမိုမြင့်မားလာစေရန်၊ စာပေတန်ဖိုးကို ချစ်မြတ်နိုးတန်ဖိုးထားတတ်စေရန်နှင့် အလုပ်တာဝန် များကြောင့် မအားမလပ်ဖြစ်နေသူများ၊ စာကြည့်တိုက်သို့ လာရောက်မငှားရမ်းနိုင်သူများ အတွက်ရည်ရွယ်၍ သွားရောက်ငှားရမ်းပေးခြင်းဖြစ်ကြောင်း သိရသည်။

ရပ်စောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက် စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးများသို့ နေ့ရက်အလိုက် အလှည့်ကျ သွားရောက်ငှားရမ်းပေးလျက်ရှိကြောင်း သိရသည်။

ရဲထက်ဦး(ပြန်/ဆက်)