မိုင်းရှူးမြို့နယ်တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး(Talk Show)ဆောင်ရွက်

မိုင်းရှူး ဇွန် ၁၆

ရှမ်းပြည်နယ်(‌တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းရှူးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းတွင်  သဘာဝ‌ဘေးအန္တရာယ်ဆိုင်ရာ အကြောင်းအရာများအား ပြည်သူများသိရှိနိုင်စေရန် မြို့နယ်မီးတပ် ဦးစီးဌာနနှင့်ပူးပေါင်း၍  သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာ‌ပေး(Talk Show)ကို ယနေ့ နံနက် ၁ဝင်းနာရီအချိန်က ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိဒေါ်ခင်‌လေးလေးယုက အသိပညာပေးဆွေးနွေးပွဲ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး  မြို့နယ်မီးတပ်ဦးစီးဌာန ဦးစီးအရာရှိ ဦးဝင်းဇင်ဖြိုးက သဘာဝ‌ဘေးအန္တရာယ်နှင့် ပတ်သက်သည့်အကြောင်းအရာများနှင့် ဆောင်ရန်၊ ရှောင်ရန်အချက်များကို ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။

အဆိုပါဆောင်ရွက်ခြင်းကို Online စနစ်ဖြင့် ပြည်သူများအသိပညာဗဟုသုတတိုးပွားစေရန် သက်ဆိုင်ရာကဏ္ဍများအလိုက် အသိပညာ‌ပေး ‌Talk Show အစီအစဉ်များကို ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များနှင့် ပူးပေါင်း၍ We love Monghsu Facebook Pageတွင် စီစဉ်တင်ဆက်သွားမည်ဖြစ်ကြောင်း သိရသည်။

သန်းလူ(ပြန်/ဆက်)