ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌ ကျောင်းသား/သူများ ကိုဗစ်-၁၉ ကာကွယ်ဆေး (ပထမ) အကြိမ်(၆၆၄)ဦး ဆက်လက်ထိုးနှံ

ဒဂုံအရှေ့ ဇွန် ၁၆

ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ဖို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံကြပါစို့” ဆိုသည့် ဆောင်ပုဒ်အတိုင်း ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင် ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်အတွင်းရှိ အသက်(၅) နှစ်မှ အသက်(၁၂)နှစ်အထိ အခြေခံပညာအဆင့် ကျောင်းသား/သူများအား ပညာသင်ယူခွင့် အခွင့်အလမ်းများ ရရှိလာစေရန်၊ အတူနေ မိသားစုနှင့် ပတ်ဝန်းကျင်သို့ ရောဂါကူးစက်ပြန့်ပွားမှုကို တားဆီးရန်နှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး လွှမ်းခြုံမှုအလျင်အမြန်ရရှိစေရန် ရည်ရွယ်၍ ယနေ့နံနက်ပိုင်း အချိန်ကရှမ်းတဲကြီး ကျေးရွာအမှတ်(၅) အခြေခံပညာအလယ်တန်းကျောင်းမှ (၃၂၉)ဦး၊ အမှတ်(၁၂) ရပ်ကွက် အမှတ်(၁)အခြေခံပညာအလယ်တန်းကျောင်း(၃၃၅)ဦး စုစုပေါင်း(၆၆၄)‌ဦးအား စုရပ်(၂)ခု သတ်မှတ်၍ (ပထမအကြိမ်) ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများကို ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။  

အဆိုပါ ကိုဗစ်−၁၉ရောဂါ ကာကွယ်ဆေး လာရောက်ထိုးနှံသည့် အသက်(၅)နှစ်မှ အသက်(၁၂)နှစ်အထိ အခြေခံပညာအဆင့် ကျောင်းသား/ သူများအား သက်ဆိုင်ရာပုံစံတွင် ဖြည့်သွင်းခိုင်းပြီ မိဘအုပ်ထိန်းသူများ၏ သဘောဆန္ဒအတိုင်း ထိုးနှံပေးလျက် ရှိကြောင်း၊ ထိုကဲ့သို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးရာတွင် ကျောင်းသား/သူများအား အဆင်ပြေချောမွေ့စွာ ထိုးနှံနိုင်စေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသူ၊ မြို့နယ်ပညာရေးဌာနမှ တာဝန်ရှိသူများ ပူးပေါင်းဆောင်ရွက်ပေးမှုဖြင့် မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ဆရာ၊ ဆရာမများ၊ သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်‌ရေးမှူးများ၊ လူမှုကူညီရေးအသင်းဝင်များက လိုအပ်သည်များကို ဝိုင်းဝန်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် အသက်(၅)နှစ်မှ အသက်(၁၂)နစ်အထိ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိနေသေးသည့် အခြေခံပညာအဆင့် ကျောင်းသား/သူများအား သက်မှတ်ရက်များအလိုက် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း  သတင်းရရှိပါသည်။

ဝင်းအိမွန်