ကွမ်းလုံ ဇွန် ၁၆
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင်၊ ကွမ်းလုံမြို့၌ မြို့နယ်အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌဖလား ရပ်ကွက်၊ ကျေးရွာပေါင်းစုံ အမျိုးသားအလွတ်တန်း မိုးရာသီဘောလုံးပြိုင်ပွဲအား အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၁၀) နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးဦးသိန်းစိုးက အစည်းအဝေးကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ပြောကြားခဲ့ပြီး မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးရာဇာသန်းဝင်းက မြို့နယ်အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌဖလား ရပ်ကွက်၊ ကျေးရွာပေါင်းစုံ အမျိုးသားအလွတ်တန်း မိုးရာသီဘောလုံးပြိုင်ပွဲ ဆောင်ရွက်မည့်အစီအစဉ်များကိ ရှင်းလင်းတင်ပြခဲ့ရာ အစည်းအဝေးသို့ တက်ရောက်လာသည့် ဌာနဆိုင်ရာများမှ လိုအပ်ချက်များကို အကြံပြုဆွေးနွေးခဲ့ကြသည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များ လုပ်ငန်းအောင်မြင်ရေးအတွက် လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ ကွမ်းလုံမြို့နယ်အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌဖလား ရပ်ကွက်၊ ကျေးရွာပေါင်းစုံ အမျိုးသားအလွတ်တန်း မိုးရာသီဘောလုံးပြိုင်ပွဲကို ဇွန်လ(၂၅)ရက်နေ့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။ ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်လိုသည့် ဘောလုံးအသင်းများ အနေဖြင့် ဇွန်လ(၂၁)ရက်နေ့အထိ ကွမ်းလုံမြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနတွင် စာရင်းပေးသွင်းနိုင်မည်ဖြစ်ပြီး အသင်းတစ်သင်းလျှင် ကစားသမား(၁၈)ဦး ကြီးကြပ်သူ(၁)ဦးနှင့်အုပ်ချုပ်သူ (၁)ဦး စုစုပေါင်း(၂၀)ဦး စာရင်းပေးသွင်းရမည်ဖြစ်ကာ လက်ရှိအချိန်အထိ ဘောလုံးအားကစားအသင်း (၉)သင်း စာရင်းပေးသွင်းထားပြီးဖြစ်ကြောင်း သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)