ပင်လောင်း ဇွန် ၁၆
သမဝါယမနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) စီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်းလုပ်ငန်းများကို ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် စင်းတောင်းကျေးရွာဘုန်းကြီးကျောင်းတွင် ယနေ့နံနက်ပိုင်းက ပြုလုပ်သည်။
ရှေးဦးစွာ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒေါ်စိုးသဉ္ဇာနိုင် ဦးစီးအရာရှိ (နည်းပညာ)က အမှာစကားပြောကြားပြီး၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) အစီအစဉ်ဖြင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်မည့် တောင်လေး(တောင်ရွာ)ရွာလယ်လမ်း ပေ(၁၄၀၀)ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းအတွက် ငွေကျပ်သိန်း (၁၀၀)၊ စင်းတောင်းအလယ်ရွာ စိမ့်စမ်းရေ သွယ်ယူရေးအတွက် ငွေကျပ်သိန်း (၁၀၀)၊ ရှားဒိန်ရွာမှ စိမ့်စမ်းရေသွယ်ယူရေးလုပ်ငန်း အတွက် ငွေကျပ်သိန်း (၁၀၀)စီနှင့်ကျေးရွာအလိုက် ပြည်သူလူထုများ ထည့်ဝင်ငွေများဖြင့် လုပ်ငန်းများဆောင်ရွက်မည်ဖြစ်ရာ၊ အဆိုပါလုပ်ငန်းများအားကြီးကြပ်နိုင်ရန် ကျေးရွာအလိုက် ကော်မတီဝင်များ ဖွဲ့စည်းပေးခဲ့သည်။
ထို့နောက် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် စင်းတောင်းကျေးရွာ၊ ရှားဒိန်ရွာမှ ပြည်သူလူထုများက စိမ့်စမ်းရေသွယ်ယူမည့် ရေထွက်ဦးအား သွားရောက်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ခွန်အာကာစိုး