ပင်လုံမြို့ရုံး၌ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဟောပြောပွဲ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲ ဆောင်ရွက်

ပင်လုံ ဇွန် ၁၆

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပင်လုံမြို့ရုံးလူထုအခြေပြုဗဟိုဌာန (Community Center)ခန်းမ၌ ယနေ့နံနက်(၁၁:၀၀)နာရီအချိန်တွင် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲများအား ဆောင်ရွက်ခဲ့ပါသည်။

အဆိုပါ ဆောင်ရွက်ရာ၌ မြို့နယ်ဦးစီးမှူးဒေါ်အိမြတ်နိုးသူက မူးယစ်ဆေးဝါးသုံးစွဲသူများရရှိမည့် ထိခိုက်မှုဆိုးကျိုးအန္တရာယ်များ၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေနိုင်သော ဆေးဝါးများအန္တရာယ်၊ မူးယစ်ဆေးဝါးနှင့်ကျန်းမာရေးအကြောင်းအရာများ၊ လူငယ်နှင့်မူးယစ်ဆေး စသည့်ခေါင်းစဉ်များဖြင့် ဟောပြောပွဲဆောင်ရွက်ခဲ့ပါသည်။ ထို့နောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲများဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)