နေပြည်တော် ဇွန် ၁၆
စာအုပ်စာပေများ ဖတ်ရှုလေ့လာခြင်းဖြင့် ရရှိသည့်အတွေးအမြင် ဗဟုသုတများကို စာဖတ်သူအချင်းချင်း ဖလှယ်ဆွေးနွေးနိုင်ရန်အတွက် နေပြည်တော်စာရေးဆရာများ၊ စာရေးဆရာမများနှင့် စာပေဝါသနာရှင်များက စာရေးဆရာ ဟန်ညွန့်(ယဉ်ကျေးမှု) ရေးသားသည့် “ရဲဘော်စိတ်မှမြစ်ဖျားခံလာသည့် စွန့်လွှတ်စွန့်စားသူတို့ကွန်းခိုရာ” ဆောင်းပါးဖြင့် ယနေ့နံနက်(၁၀)နာရီတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒက္ခိဏခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ စာဖတ်ဝိုင်း ကျင်းပဆွေးနွေးသည်။
ရှေးဦးစွာ နေပြည်တော်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးမျိုးသန့်က စာဖတ်ဝိုင်းပြုလုပ်ရခြင်းနှင့်စပ်လျဉ်း၍ မိတ်ဆက်ရှင်းလင်းပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသည့် စာရေးဆရာများ၊ စာရေးဆရာမများဖြစ်ကြသည့် ဦးဟန်ညွန့်(ဟန်ညွန့်- ယဉ်ကျေးမှု) ဦးရန်နိုင် (ခိုင်မင်း-နေပြည်တော်)၊ ဒေါ်ခင်ငြိမ်းအေး(မေချို- ပျဉ်းမနား)၊ ဦးမောင်မောင်တာ(သဘာဝ)၊ ဦးကျော်လွင်(မှော်ဝန်သား)၊ ဦးကျော်ဇော်(ရှင်မတောင်နံ့သာမြေ)၊ ဦးလင်းထွဋ် (ကိုလင်းအညာမြေ)၊ ဦးမျိုးသန့်(မျိုးလေး-ကသာ)၊ ဦးသိုက်စိုး(နွေးသရက်)၊ ဦးခင်မောင်ကျော်(ရဲမွန်ကျော်)၊ ဒေါ်နှင်းနှင်းလွင်(လုံမငယ်-လူမှု)တို့က စာရေးဆရာ ဟန်ညွန့်(ယဉ်ကျေးမှု)ရေးသားသည့် “ရဲဘော်စိတ်မှမြစ်ဖျား ခံလာသည့် စွန့်လွှတ်စွန့်စား သူတို့ကွန်းခိုရာ” ဆောင်းပါးတွင်ပါဝင်သည့် အကြောင်းအရာအချက်အလက်များကို မိမိတို့၏ သဘောထားအမြင်များ၊ သုံးသပ်ချက်များဖြင့် အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ထွန်းထွန်းဝင်း(ခရိုင်ပြန်/ဆက်)