သိန္နီ ဇွန် ၁၆
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ယမန်နေ့ မွန်းလွဲပိုင်းအချိန်က ကျောင်းသား၊ ကျောင်းသူများ စာဖတ်စွမ်းရည်များ မြင့်မားလာပြီး စာပေဖတ်ရှုလေ့လာမှတ်သားသည့် အလေ့အထကောင်းများရရှိစေရန် ရည်ရွယ်၍ အခြေခံပညာမူလတန်းအဆင့် စာဖတ်စွမ်းရည်ပြိုင်ပွဲ ကျင်းပခဲ့သည်။
ရှေးဦးစွာ သိန္နီမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ဥမ္မာချိုက ပြိုင်ပွဲတွင်သတ်မှတ်ထားသည့် စည်းကမ်းချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး အဆိုပါပြိုင်ပွဲကို အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ မူလတန်းအဆင့် ကျောင်းသား/ကျောင်းသူ (၃၀)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။ ထို့နောက် ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားစေရေးအတွက် မိုးရာသီတွင် ဖြစ်ပေါ်လာမည့် ဆိုင်ကလုံးမုန်တိုင်းနှင့်သဘာဝဘေးအန္တရာယ် ကူညီကယ်ဆယ်ရေးလုပ်ငန်းစဉ်များ ပြင်ဆင်ဆောင်ရွက်ထားရှိမှုများ၊ ငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စရပ်များကို နံရံကပ်စာစောင်များ ပြသထားခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
စောဥမ္မာ(သိန္နီ)