လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် ကျောင်းသား/ကျောင်းသူများအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံ

လှိုင်သာယာ(အနောက်ပိုင်း) ဇွန် ၁၆

ရန်ကုန်‌မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် ကုလားကြီးစု‌ကျေးရွာ အ-မ-က (၈/၉)ကျောင်းများတွင် အသက်(၅)နှစ်မှ(၁၂)နှစ်အထိ ကျောင်းသား/ကျောင်းသူများအား ယနေ့နံနက်(၉)နာရီက အခြေခံပညာကျောင်းများတွင် ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ကွင်းဆင်းထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုဝင်းနိုင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများက ပူးပေါင်းဆောင်ရွက်ခဲ့ကြပြီး လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ကာကွယ်ဆေးထိုးနှံရာတွင် ကျောင်းသား/ ကျောင်းသူများကို ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်တိုင်းခြင်းများ ဆောင်ရွက်ပေးပြီး ကျန်းမာရေးကောင်းသူများအား မိဘအုပ်ထိန်းသူများ၏ သဘောတူခွင့်ပြုချက်ဖြင့် အသက်(၅)နှစ်မှ(၁၂)နှစ်အထိ ကျောင်းသား/ ကျောင်းသူများကို ဇွန်လ(၃)ရက်နေ့မှ (၁၇)ရက်နေ့အထိ ထိုးနှံပေးမည်ဖြစ်ပြီး ယနေ့တွင် ကျောင်းသား/ကျောင်းသူ(၃၇၉)ဦးကို ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး (sinopharm)အား ကျန်းမာရေးဝန်ထမ်းများမှ စနစ်တကျ ထိုးနှံပေးလျက်ရှိပြီး ကျန်ရှိနေသော အခြေခံပညာ ကျောင်းများကို ဆက်လက်ထိုးနှံပေးမည်ဖြစ်ကြောင်း သိရသည်။

ဝေလွင်ကျော်