သာစည် ဇွန် ၁၆
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် လူမှုဖူလုံရေးဥပဒေ အသိပညာပေး ဟောပြောပွဲနှင့် အကျိုးခံစားခွင့်ထုတ်ပေးပွဲကို ယမန်နေ့က မြို့နယ်လူမှုဖူလုံရေးအဖွဲ့ရုံး၌ အကျုံးဝင်မှတ်ပုံတင်ထားရှိသည့် သာစည်မြို့ မဟာဓာတ်အားလိုင်းမှူးရုံးအစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်လူမှုဖူလုံးရေးအဖွဲ့မှ ဦးစီးအရာရှိဒေါ်ဂျိုတီးက ၂၀၁၂ ခုနှစ် လူမှုဖူလုံရေး ဥပဒေနှင့်ပတ်သက်၍ အသိပညာပေးဟောပြောသည်။ ဆက်လက်၍ အဆိုပါ မဟာဓာတ်အား လိုင်းမှူးရုံးမှ လူမှုဖူလုံရေး အကျုံးဝင်မှတ်ပုံတင်ထားရှိသော ဝန်ထမ်းများအနက် မကျန်းမာ၍ ဆေးကုသမှု ခံယူထားရှိသည့် ကုန်ကျစရိတ်၊ ပုဂ္ဂလိကဆေးရုံတွင် ခွဲစိတ်မီးဖွားခဲ့မှုအတွက် ကုန်ကျစရိတ်နှင့် လုပ်ငန်းခွင်ထိခိုက်မှုကြောင့် ဆေးကုသမှု ခံယူထားသည့် ကုန်ကျစရိတ်တို့အတွက် တောင်းခံထားသည့် ဝန်ထမ်း (၅) ဦးတို့၏ အကျိုးခံစားခွင့်များကို လူမှုဖူလုံရေးအဖွဲ့၏ ခွင့်ပြုရန်ပုံငွေ များမှ ငွေကျပ် ၁၇၅၆,၉၇၉ အား၎င်းတို့ထံသို့ အသီးသီးပေးအပ်ခဲ့ကြောင်း သိရသည်။ ၂၀၂၂-၂၀၂၃ ခုနှစ်ဘဏ္ဍာရေးနှစ်အတွင်း သာစည်မြို့နယ် လူမှုဖူလုံရေးအဖွဲ့မှ အကျိုးခံစားခွင့် ၃၈၆ မှု ငွေကျပ် ၂၄၅ သိန်းကျော်အား ထုတ်ပေးနိုင်ခဲ့ပြီးဖြစ်ကြောင်းသိရသည်။
မြို့နယ် (ပြန်/ဆက်)