ကလော ဇွန် ၁၆
ရှမ်းပြည်နယ်(တောင်ပိုင်း)တောင်ကြီးခရိုင်၊ ကလောမြို့နယ်တွင် နှစ်ရှည်သီးနှံဖြစ်သည့် ပိန္နဲသီးပင်စိုက်ပျိုးခြင်းကြောင့် ပုံမှန်ဝင်ငွေရရှိနိုင်ကြောင်း ပိန္နဲသီးပင်စိုက်သူထံမှ သိရသည်။
ကျွန်တော်တို့ဒေသပိန္နဲသီးသည် နှစ်ရှည်သီးနှံဖြစ်ပြီးဒေသနဲ့ကိုက်ညီတဲ့ အပင်မျိုးဖြစ်ပါတယ်. စိုက်ပျိုးရတာလွယ်ကူပြီး အခြားနှစ်ရှည်သီးနှံတွေထက် ပြုစုပျိုးထောင်ရတာမခက်ခဲပါဘူး၊ စိုက်ပျိုးချိန်မှစပြီး ၅ နှစ်မှ ၇ နှစ်အရွယ်ဆိုအသီးစသီးပါတယ်.တစ်ပင်ကိုအလုံးရေ ၁၅ လုံးခန့်သီးပါတယ်.တစ်နှစ်ထက်တစ်နှစ်ပိုသီးလာတယ်.၁၀ နှစ်ကြာအပင်တွင် အလုံးရေ ၃၀ မှ ၅၀ ကျော်အထိသီးနိုင်ပါတယ်. စတင်စိုက်ပျိုးအချိန်ပဲမြေဆွေးထည့် စိုက်ရပြီးကျန်တဲ့အချိန်မှာ မြေဩဇာမလိုဘူး.၂ နှစ်သား ၃ နှစ်သားအရွယ်မှစလို့ ပြုစုဖို့သိပ်မလိုအပ်တော့ဘူး၊ ခြံကျယ်ကျယ်ဝန်းဝန်းရှိမယ်ဆိုရင် ပိန္နဲသီးပင်ကိုစိုက်ပျိုးကြဖို့ တိုက်တွန်းချင်ပါတယ်၊ ရောင်းချရာတွင်လည်း ပြန်လည်ရောင်းချသူများက အိမ်အရောက်လာဝယ်ကြလို့ ကုန်ကျစရိုက်သက်သာပါတယ်၊ ပိန္နဲသီးအရွယ်အစားအလိုက် ၁၅၀၀ ကျပ်မှ ၄၀၀၀ ကျပ်အထိရောင်းချရပါတယ်၊ ယခင်ကစိုက်ပျိုးရမှန်းမသိခဲ့လို့ ယခုအချိန်မှာပိန္နဲသီးပင်ကို အပင် ၃၀၀ ကျော် စိုက်ပျိုးထားကြောင်း ပိန္နဲသီးပင်စိုက်သူထံမှ သိရသည်။
ကျန်းမာရေးအတွက် လူသိနည်းသေးတဲ့ ပိန္နဲသီးရဲ့ အကျိုးဝင်ပုံဖတ်ဖူးသမျှ သိသလောက်ပြောပြရရင် ပိန္နဲသီးရဲ့ကျန်းမာရေးအတွက် အကျိုးဝင်ပုံတွေကို လူသိနည်းကြပါတယ်။ ဒီအသီးက လူခန္ဓာကိုယ့်အတွက် အကျိုးဝင်နေပါတယ်။ ပိန္နဲသီးက ဗီတာမင်ဘီ၊ ပိုတက်ဆီယမ်၊ ပရိုတင်းပါဝင်မှုအများဆုံး အသီးအနှံတစ်မျိုးဖြစ်ပါတယ်။ ဒါကြောင့်လည်း ဒီအသီးကိုစားပြီးရင် ကျန်းမာရေးအတွက် ရလဒ်ကောင်းထွက်လာတာ ဖြစ်ပါတယ်။ နှလုံးကျန်းမာရေးကောင်းစေတယ်လေ့လာချက်တွေအရ ပိန္ဒဲသီးမှာပါတဲ့ ဗီတာမငစီဓာတ်က ရောင့်ရမ်းတာတွေကို သက်သာစေနိုင်ပါတယ်။ ပိန္နဲသီးမှာပါတဲ့ ပိုတက်ဆီယမ်ကလည်း သွေးဖိအားကိုပုံမှန်ဖြစ်စေပြီး ရုတ်တရုတ် နှလုံးအမောဖောက်တာတွေကို ကာကွယ်ပေးနိုင်ပါတယ်။ ဗီတာမင်ဘီက နှလုံးရောဂါမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ဝိတ်ကျဖို့ အထောက်အကူပေးတယ်၊ ရောင့်ရမ်းမှုကို တိုက်ဖျက်ပေးနိုင်စွမ်းက အဝလွန်တာကို တားမြစ်ပေးဖို့အတွက် အရေးကြီးဆုံးအပိုင်းမှာပါဝင်နေပါတယ်။ ပိန္ဒဲသီးက သင့်ခါးဆိုဒ်ကို လျော့နည်းသွားစေနိုင်အောင် ကူညီပေးနိုင်ပါတယ်။ ဒီအသီးမှာ အစာချေဖျက်မှုနှုန်းကို မြှင့်တင်ပေးနိုင်ပြီး ဝိတ်ကျချင်ရင် ပိန္ဒဲသီးကိုစားပေးသင့်ပါကြောင်း၊ ကိုယ့်ခံအားကောင်းတယ်၊ ဗီတာမင်စီပါတဲ့ အသီးအနှံတွေက ကိုယ်ခံအားကောင်းစေပါတယ်။ အထူးသဖြင့် ပိန္နဲသီးလို အသီးမျိုးကကိုယ့်ခံအားကောင်းစေနိုင်ပြီး ဖျားနာတာတွေကိုလည်း မရှိသလောက်ရှားအောင် လျော့ကျသွားစေပါတယ်။ ပိန္နဲသီးမှာပါတဲ့ ပရိုတင်းဓာတ်က ကူးစက်ရောဂါတွေ အလွယ်တကူနဲ့ မဝင်ရောက်နိုင်အောင် တားမြစ်ပေးနိုင်ပါတယ်။ ဒီအသီးမှာ ဗီတာမင် အေ ရော စီဓာတ်ပါ ပါဝင်ပါတယ်၊ အမြင်အာရုံကောင်းစေတယ်၊ ပိန္နဲသီးမှာ မျက်လုံးအတွက် အားကောင်းစေမယ့် ဗီတာမင် အေ၊ စီ ဓာတ်တို့ပါဝင်ပါတယ်။ ဗီတာမင်စီက မျက်လုံးအတွင်းတိမ်ဖြစ်ခြင်းနဲ့ အသက်အရွယ်ကြောင့် ယိုယွင်းလာတဲ့ အမြင်အာရုံပါဝါတွေကို လျော့ကျစေနိုင်ပါတယ်။ မျက်စိအတွက်ဆိုရင် ဗီတာမင်စီပါတဲ့ ပိန္နဲသီးကို စားပေးသင့်ပါတယ်။အရိုးကျန်းမာရေးကို မြှင့်တင်ပေးတယ် ပိန္နဲသီးမှာ အရိုးတည်ဆောက်ရာမှ လိုအပ်တဲ့ magnesium ဓာတ်တို့ပါဝင်ပါတယ်။ နောက်ပြီး အရိုးပွရောဂါအန္တရာယ်ကနေ ကာကွယ်ပေးနိုင်မယ့် ကယ်ဆီယမ်လည်း ပါဝင်ပါတယ်။ တကယ်ကို အကျိုးဝင်၊ အာနိသင်ရှိတဲ့ အသီးဖြစ်လို့ စားပေးသင့်တဲ့ အသီးတစ်မျိုးထဲမှာ ပါဝင်နေလို့စိုက်ပျိုးသင့်ပါတယ်။
ပိန္နဲသီးပင်စိုက်ပျိုးခြင်းကြောင့် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေစေပြီး လေကောင်းလေသန့်ရရှိနိုင်ကြောင်း၊ ကျန်းမာရေးအတွက်လည်းများစွာ အထောက်အကူပြုကြောင်း သိရသည်။
ကျော်ဝင်း(ကလော)