မိုင်းပျဉ်း ဇွန် ၁၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြိုဟောပြာပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ၂၀၂၂ခုနှစ် ယနေ့ နံနက်(၁၀)နာရီက အထကခွဲကျောင်း၌ ကျင်းပခဲ့ကြောင်း သိရှိရသည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်နန်းသန္တာဦးက ဟောပြောပွဲဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်၊ မူးယစ်ဆေးဝါးအဓိပ္ပါယ်၊ မူးယစ်ဆေးဝါးအမျိုးအစားများ၊ မူးယစ်ဆေးဝါးသုံးစွဲရသည့် အကြောင်းအရင်းများ၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းဖြင့် ရရှိလာနိုင်သောဆိုးကျိုးများနှင့် မူးယစ်ဆေးဝါးရှောင်ကြဉ်ကြရေး အကြောင်းအရာများကို အသိပညာပေးဟောပြောခဲ့ပါသည်။
ဟောပြာပွဲအပြီးတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေဦးစီးဌာန ဝန်ထမ်းများက မူးယစ်ဆေးဝါးဆိုင်ရာ အကြောင်းအရာများ နံရံကပ်စာစောင်ပြသခြင်း၊ စာအုပ်များအခမဲ့ငှားရမ်းပေးခြင်းနှင့် စာဖတ်ဝိုင်းပြုလုပ်ပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိပါသည်။
နန်းသန္တာဦး(ပြန်/ဆက်)