သုံးခွမြို့နယ်၌ ငါးသား‌ပေါက်အကောင်ရေ (၅၀၀၀၀၀) ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကျင်းပ

သုံးခွ ဇွန် ၁၆

ရန်ကုန်တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ အမှတ် ၁၁ ရပ်ကွက် ဆိပ်ကမ်းသာလမ်း မှော်၀င်းချောင်းအတွင်း ယနေ့နံနက် ၉ နာရီအချိန်က ငါးသားပေါက်အ‌ကောင်ရေ (၅၀၀၀၀၀)အား ငါးမျိုးစိုက်ထည့်ပေးခဲ့ကြောင်း သိရသည်။

သုံးခွမြို့နယ်တွင် ငါးသယံဇာတ မပြုန်းတီးရေး၊ ငါးရိက္ခာဖူလုံစေရေး၊ ငါးစာသုံးမှု မြင့်မားလာစေရေးအတွက် ငါးလုပ်ငန်းဦးစီးဌာနမှ ငါးမျိုးစိုက်ထည့်ပေးရာတွင် အမှတ် ၁၁ ရပ်ကွက် မှော်၀င်းချောင်းအတွင်း လေးထောင့်ကန်စခန်းမှ ထိုင်းငါးခုံးမ ငါးသားပေါက်အကောင်‌ရေ (၂၅၀၀၀၀)၊ လှော်ကားစခန်းမှ ထိုင်းငါးခုံးမ ငါးသားပေါက် အကောင်ရေ (၂၅၀၀၀၀)၊ စုစုပေါင်း ငါးအကောင်ရေ (၅၀၀၀၀၀) ငါးမျိုးစိုက်ထည့်ပေးခဲ့ကြောင်း သိရသည်။

ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားသို့ ၊ရန်ကုန်တောင်ပိုင်းခရိုင် ဒုတိယတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးတင့်လွင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းစိုးနှင့် အဖွဲ့၀င်များ၊ ခရိုင်ဦးစီးမှူး ဦးအေးနိုင်၊မြို့နယ်ဦးစီးမှူး ဦးမျိုးတင့်နှင့် ၀န်ထမ်းများ ဌာနဆိုင်ရာများက ငါးသားပေါက်များ လွှတ်ပေးခဲ့ကြောင်း သိရသည်။

စည်သူလင်း