မိုင်းကိုင် ဇွန် ၁၆
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွှဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြိုအဖြစ် မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့မနက်ပိုင်းက အခြေခံပညာအထက်တန်း ကျောင်း၊ မြတ်သီရိခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အလယ်တန်း၊ အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာဆရာမများ တက်ရောက်ခဲ့ကြသည်။
ဟောပြောပွဲအခမ်းအနားတွင် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းထွန်း၊ မြို့နယ်ဥပဒေအရာရှိ ဦးဇေယျာကျော်၊ မြို့နယ်ပညာရေးမှူး ဦးခင်မောင်ကို၊ မြို့နယ်ကျန်းမာရေးဌာနမှ မြို့နယ် သူနာပြု-၁ ဒေါ်နန်းခမ်းလိုင်၊ မြို့နယ်ကျေးလက်လမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဦးညွှန့်ဝင်း အောင်၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နန်းလှိုင်လှိုင်ဦးတို့က မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်၊ မူးယစ်ဆေးဝါး ပြစ်မှုပြစ်ဒဏ်များ၊ မူးယစ်ဆေးဝါးနှင့် ကျန်းမာရေးအကြောင်းအရာများ၊ ရင်နင့်ဖွယ်ရာ ကိုယ်တွေ့အကြောင်းအရာ၊ လူငယ်နှင့်မူးယစ်ဆေး စသည့်ကောင်းစဉ်များဖြင့် အသီးသီး အသိပညာပေးဟောပြောခဲ့ကြရာ တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများက မိမိတို့သိရှိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြသည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်၊ ဓာတ်ပုံ၊ စာအုပ်ပြပွဲကို ခင်းကျင်းပြသကာ မူးယစ်အန္တရာယ်အသိပညာပေးလုပ်ငန်းများ ဆောက်ရွက်ခဲ့ကြကြောင်းသိရသည်။
မြို့နယ်ပြန်/ဆက်