ကွမ်းခြံကုန်း ဇွန် ၁၆
ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နန့်ဆွေနွယ်ဦးနှင့် ဝန်ထမ်းများသည် ကျောင်းသား/သူများ အသိပညာ၊ ဗဟုသုတများ တိုးပွားရရှိစေရေး ရည်ရွယ်၍ ယမန်နေ့နံနက် ၁၀ နာရီက ကံကြီး/မကျီး ရပ်ကွက်အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် အသိပညာပေးနံရံစာစောင်များ ပြသဆောင်ရွက်ခဲ့သည်။
နံရံကပ်စာစောင်များ ပြသရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လက်ရှိအကောင်အထည်ဖော် ဆောင်ရွက်နေသည့် ငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စရပ်များ၊ ၂၀၂၂ -၂၀၂၃ ပညာသင်နှစ်ဆိုင်ရာ ကိစ္စရပ်များ၊ မိုးရာသီတွင်ဖြစ်ပေါ်လာမည့် ဆိုင်ကလုန်းမုန်တိုင်းနှင့် သဘာဝဘေးအန္တရာယ် ကူညီကယ်ဆယ်ရေးလုပ်ငန်းစဉ်များ ပြင်ဆင်ဆောင်ရွက်ထားရှိမှု၊ ပြည်ပနိုင်ငံများတွင် လတ်တလောကူးစက်ဖြစ်ပွားနေသည့် မျောက်ကျောက် (Monkey pox) ရောဂါ ဆိုင်ရာ သိမှတ်ဖွယ်ရာများကို မှတ်တမ်းဓာတ်ပုံ၊ အချက်အလက်များစသည့် အကြောင်းအရာများကို ပြသခဲ့ကြောင်း သိရသည်။
အဆိုပါနံရံကပ်စာစောင်အား ဆရာ/ဆရာမများ ကျောင်းသား/ကျောင်းသူအင်အား (၂၀၀)ဦး စိတ်ဝင်စားစွာ ကြည့်ရှုခဲ့ကြောင်း သိရသည်။
ဆွေနွယ်