ကျောက်ဆည် ဇွန် ၁၆
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၂-၂၀၂၃ပညာသင်နှစ် အခြခံပညာကျောင်းများ လုပ်ငန်းများဆောင်ရွက်သည့်အခါ မြန်ဆန်မှန်ကန်ရေးနှင့်ထိရောက်မှုရှိစေရန်အတွက် ကျောင်းအုပ်ကြီးများအားစီမံခန့်ခွဲမှုမွန်းမံသင်တန်းကို ယနေ့နံနက်(၉) နာရီက ဒုတိယနေ့အဖြစ် ဆက်လက်သင်ကြားပို့ချလျက်ရှိကြောင်း သိရသည််။
အဆိုပါသင်တန်းတွင် မြို့နယ်ဒုတိယပညာရေးမှူး ဦးညွှန့်ဝင်းနှင့်သင်တန်းနည်းပြများဖြစ်သည့် ဦးခင်မောင်ဝင်း၊ ဒေါ်သီတာဆွေ၊ ဒေါ်သန္တာဝင့်၊ ဒေါ်သီတာဌေးတို့က စီမံရေးဆိုင်ရာ၊ ပညာရေးဆိုင်ရာ၊ ဘဏ္ဍာရေးဆိုင်ရာ ဘာသာရပ်များအသီးသီး သင်ကြားပို့ချခဲ့ကြောင်းသိရှိရပြီး သင်တန်းသို့ မြို့နယ်အတွင်းရှိ အခြေခံပညာမူလတန်းကျောင်း၊ အလယ်တန်းကျောင်းနှင့်အထက်တန်း ကျောင်းများမှ ကျောင်းအုပ်ဆရာကြီး/ဆရာမကြီ(၁၈၂)ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ ဇွန်(၁၅)မှဇွန်(၁၆)ရက်နေ့အထိ (၂)ရက်ကြာမြင့်ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)