နောင်ချိုမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံရန်ကျန်ရှိသူများအား ဆက်လက်ထိုးနှံ

နောင်ချို ဇွန် ၁၆

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင်၊နောင်ချိုမြို့နယ်တွင် အကြောင်းအမျိုးမျိုးကြောင့် ပထမအကြိမ် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံရန်ကျန်ရှိသူများ၊ အသက် (၅)နှစ်မှ (၁၈)နှစ်အထိ ကျောင်းပြင်ပပြည်သူများ၊ ကိုယ်ဝန်ဆောင်မိခင်များ၊ နာတာရှည်ရောဂါခံစားရသူများ၊ အသက်(၁၈) နှစ်ပြည့်ပြီးသူများ၊ ၂၀၂၂ခုနှစ် ဖေဖော်ဝါရီ၊ မတ်၊ ဧပြီလများအတွင်း ပထမအကြိမ် ထိုးနှံပြီးသူ များအား ဒုတိယအကြိမ်နှင့် ၂၀၂၁ခုနှစ် မတ်လနှင့် ဧပြီလအတွင်း၊ ၂၀၂၁ခုနှစ် ဩဂုတ်လ၊ စက်တင်ဘာလ၊ အောက်တိုဘာလအတွင်း ကာကွယ်ဆေး(၂)ကြိမ်ပြည့် ထိုးနှံပြီးသူများအား တတိယအကြိမ် ထပ်ဆောင်းကာကွယ်ဆေးထိုးနှံခြင်းကို ဇွန်လ(၁၅)ရက်နေ့ နံနက် ၉ နာရီ အချိန်မှစ၍ နောင်ချိုမြို့ ပြည်သူ့ဆေးရုံအစည်းဝေးခန်းမ၌ ဆက်လက်ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။

နောင်ချိုမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသူများအား နောင်ချိုမြို့ပြည်သူ့ဆေးရုံ၌ ကျန်းမာရေးဝန်ထမ်းများက အပတ်စဉ် ဗုဒ္ဓဟူးနေ့ နှင့် ကြာသပတေးနေ့များတွင် နံနက်(၉)နာရီမှ မွန်းတည့်(၁)နာရီထိ ကျန်းမာရေးစည်းကမ်း ချက်များနှင့်အညီ ထိုးနှံပေးလျက်ရှိကြောင်း ကျန်းမာရေးဌာနမှသိရသည်။

ထွေးငယ်၊ပြန်/ဆက်