ခရမ်းမြို့တွင်မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် ဒေသန္တရအမိန့်နှင့် ကျန်းမာရေးဝန်ကြီးဌာမှ လမ်းညွှန်ချက်များလိုက်နာနိုင်ရေးမြို့တွင်း လှည့်လည်နှိုးဆော်

ခရမ်း စက်တင်ဘာ ၇

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင် ခရမ်းမြို့နယ်တွင် မြို့နယ်ကိုဗစ် ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီနှင့် မြို့နယ် မီးသတ်ဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါ ပြည်တွင်းကူးစက်မှုများ ရှိလာပြီး ကူးစက်နှုန်း မြန်ဆန်လာသဖြင့် မြို့နယ်အတွင်း ကြိုတင်ကာကွယ်ရေး  လုပ်ငန်းများ၊  အသိပညာပေး    လုပ်ငန်းများကို  အရှိန်အဟုန်မြှင့်   ဆောင်ရွက်လျက်ရှိပြီး ကိုဗစ်-၁၉ရောဂါ  ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေး အတွက်  ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများတွင်  အထောက်အကူပြုနိုင်ရေးအတွက်  ယမန်နေ့ညနေပိုင်း မှစ၍   မြို့ပေါ်ရပ်ကွက်များ တွင်မီးဘေးအန္တရာယ် သတိပြု ကာကွယ်နိုင်ရေးနှင့်  ညမထွက်ရ ဒေသန္တရ အမိန့်အား မော်တော်ယာဉ်ဖြင့်  လိုက်လံကြေညာခဲ့ပြီး လိုက်နာဆောင်ရွက်ခြင်း မရှိသူများအား တည်ဆဲ ဥပဒေများနှင့် အညီ အရေးယူ  ဆောင်ရွက်သွားမည်  ဖြစ်ကြောင်း  သိရသည်။

 မြို့နယ်ကိုဗစ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ အရေးပေါ်ကိစ္စရပ်များ  ပေါ်ပေါက် လာပါက  သက်ဆိုင်ရာ ခွင့်ပြုချက် အရမှ အပ (၂၀၂၀)ပြည့်နှစ်၊ ဇူလိုင်လ(၁၅)ရက်နေ့မှစ၍ နေ့စဉ်ည (၁၂)နာရီ မှ နောက် တစ်နေ့  မနက်(၄)နာရီအထိ ညမထွက်ရ အမိန့်အား  ထုတ်ပြန်ကြေညာ ခဲ့ပြီး  ပြည်သူများ   အနေဖြင့်  ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက် များအတိုင်း  နေအိမ်ပြင်ပသို့ ထွက်ခွာပါက ပါးစပ်၊ နှာခေါင်းစည်း(mask)များ တပ်ဆင်၍ ထွက်ခွာသွား လာကြန်၊ မိမိရပ်ကွက်၊ ကျေးရွာအုပ်စု အတွင်းသို့ ရခိုင် ပြည်နယ်မှ ပြန်လည်ရောက် ရှိလာသူများရှိပါက  သတင်းပေးပို့ တင်ပြကြရန်၊ နေအိမ်ပြင်ပသို့ ထွက်ခွာရာတွင် နှာခေါင်းစည်း(mask) တပ်ဆင်ခြင်း မရှိသူများအား ကူးစက်‌ေရာ ဂါများ ကာကွယ်နှိမ်နှင်းရေး ဥပဒေဖြင့် အရေးယူ ဆောင်ရွက်သွားမည်ဖြစ် ပြီး ည(၁၂) နာရီမှ  မနက်(၄)နာရီအတွင်း ညမထွက်ရ ဒေသန္တရ အမိန့်ကို  ဖောက်ဖျက်ကျူးလွန်ပါက  တည်ဆဲ ဥပဒေများနှင့် အညီ  အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လိုက်လံအသိပေး ကြေညာ ခဲ့ခြင်း ဖြစ်ကြောင်းသိရှိရသည်။

ကိုမင်း(ခရမ်း )