ချီဖွေ ဇွန် ၁၆
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ်တွင် မသန်စွမ်းသူများ၏ အခွင့်အရေး ဥပဒေများအား သိရှိစေရန် ပြန်ကြားရေးနှင်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်တရားဥပဒေရုံးတို့ ပူးပေါင်း၍ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့ နံနက် (၉)နာရီအချိန်က မသန်စွမ်းသူများ၏ အခွင့်အရေး သိကောင်းစရာ (Talk Show) အသိပညာပေး ဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ Talk Show တွင် ချီဖွေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဂွါဇာလေးက မသန်စွမ်းသူများအား နယ်ပယ်အားလုံးတွင် နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှုများ လျော့နည်းပပျောက်စေရန်နှင့် သူတို့ရဲ့ လုပ်ကိုင်နိုင်စွမ်းတွေကို အသိအမှတ်ပြုရင်း လက်တွဲခေါ်ယူရင်းကောင်းမွန်တဲ့ လူဘောင်အဖွဲ့အစည်းတစ်ခုကို တည်ဆောက်နိုင်ရန် ရည်ရွယ်၍ အသိပညာပေးဆွေးနွေးပွဲ ပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြာပြီး မြို့နယ်ဥပဒေအရာရှိ ဦးသက်ဘုန်းဝေက ဥပဒေရုံး အဆင့်ဆင့်အနေဖြင့် မသန်စွမ်းသူများမှ ပြစ်မှုတစ်စုံတစ်ရာနှင့် ပတ်သက်ပြီး ကျူးလွန်းခံရ၍ နစ်နာလို့ တိုင်ကြားလာသည့်အခါ တရားရုံးတွင် လိုက်ပါဆောင်ရွက်ပေးပြီး မသန်စွမ်းသူများအပေါ် ပြစ်မှုတစ်စုံတစ်ရာ ကျူးလွန်လို့မရအောင် နိုင်ငံတော်က ဥပဒေတွေ ပြဌာန်းထားပြီး ကာကွယ်ပေးလျက်ရှိခြင်းကို လည်ကောင်း၊ မသန်စွမ်းသူများ၏ အခွင့်အရေးဥပဒေ (၂၀၁၅ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၃၀) အဖြစ် ပြဌာန်းထုတ်ပြန်ထားရှိမှုကို လည်းကောင်း၊ ဥပဒေတွေအရ မသန်စွမ်းသူနဲ့ မသန်စွမ်းမှုအဖြစ် နှစ်ပိုင်းခွဲခြားထားခြင်းကို လည်ကောင်း၊ မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာ ပြစ်မှုနှင့်ပြစ်ဒဏ် တစ်ချို့ကိုလည်ကောင်း ဥပဒေဆိုင်ရာ မှတ်သားဖွယ်ရာများကို အသိပညာပေး ပြောကြားဆွေးနွေးခဲ့ကြောင်း သိရသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ချီဖွေမြို့နယ်ရုံး အနေဖြင့် ဒေသခံပြည်သူများ၊ လူငယ်၊ လူရွယ်များ ပြင်ပအသိပညာ ဗဟုသုတတိုးပွားစေရန် (Talk Show) ဆွေးနွေးပွဲ အစီအစဉ်များကို ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ပြီး We Love Chipwe Facebook Page နှင့် စာပေဗဟုသုတကြွယ်ဝစေရန် ပြည်သူစာကြည့်တိုက် Facebook Page များတွင် လွှင့်တင်ပေးလျက်ရှိကြောင်း သိရှိရသည်။
မေခမွန်(ပြန်/ဆက်)