နမ့်ခမ်းမြို့နယ်၊ ဖာလင်ကျေးရွာအတွင်း ဖြတ်သန်းသွားလာနေသည့် နမ့်ခမ်း-နမ့်ဖက်ကာ ကားလမ်းမကြီးသည် မြေကာနံရံနိမ့်ကျမှုကြောင့် ကတ္တရာလမ်းသားကွဲအက်မှုပြုပြင်ပြီး

နမ့်ခမ်း ဇွန် ၁၆

မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ်၊ ဖာလင်ကျေးရွာအုပ်စု၊ ဖာလင်ကျေးရွာအတွင်း ဖြတ်သန်းသွားလာနေသည့် နမ့်ခမ်း-နမ့်ဖက်ကာ ကားလမ်းမကြီးသည် မိုင်(၁၆/၂-၁၆/၃)တွင် အဆက်မပျက်မိုးရွာသွန်းပြီး မြေကာနံရံနိမ့်ကျမှုကြောင့် ကတ္တရာလမ်းသားကွဲအက် ကျွံကျမှုဖြစ်ပွားခဲ့သည်။

ဖာလင်ကျေးရွာအတွင်း ဖြတ်သန်းသွားလာနေသည့် နမ့်ခမ်း-နမ့်ဖက်ကာကားလမ်းမကြီး မိုင်(၁၆/၂-၁၆/၃) မြေကာနံရံသည် ၁၉၈၃ ခုနှစ်၊ ဆောက်လုပ်ခဲ့ရာမှာ ယခုတွင်နှစ်(၄၀)ခန့်ကြာ ကြာမြင့်ခဲ့ပြီး ယခုနှစ်မိုးရာသီကာလတွင် အဆက်မပျက် မိုးရွာသွန်းမှုကြောင့် (၁၁-၆-၂၀၂၂)ရက်နေ့တွင် မြေကာနံရံနိမ့်ကျပြီး  ကတ္တရာလမ်းသားပိုင်း ကွဲအက်သွားခဲ့သည်။

မြေကာနံရံနိမ့်ကျမှုကြောင့် ပါကွဲ့အက်သွားသည့် ကတ္တရာလမ်းသားပိုင်းကို ယာဉ်ကြောပိတ်ဆို့မှုမဖြစ်ပေါ်စေရေး၊ ယာဉ်များနှင့် ပြည်သူများမှ အန္တရာယ်ကင်းရှင်းစွာ ဖြတ်သန်းသွားလာနိုင်ရေးအတွက် နမ့်ခမ်းမြို့ရှိလမ်းဦးစီးဌာနမှ တာဝန်ရှိသူများက  (၁၁-၆-၂၀၂၂)ရက်နေ့မှစ၍ အားခြင်းပြုပြင်ဆောင်ရွက်လျက်ရှိရာ (၁၁-၆-၂၀၂၂)ရက်နေ့မှာပင် ယာဉ်များနှင့် ဒေသခံပြည်သူများက ချောမွေ့စွာနှင့် အန္တရာယ်ကင်းရှင်းစွား ဖြတ်သန်းသွားလာနိုင်ပြီဖြစ်ကြောင်း သိရသည်။

ဆိုင်ထွန်း(နမ့်ခမ်း)