ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် အသက် (၈၅) နှစ် အထက်ဘိုးဘွားများအတွက် လူမှုရေးပင်စင်များအား ရပ်ကွက် / ကျေးရွာများတွင် အိမ်တိုင်ရာရောက် ဆက်လက် ထောက်ပံ့ပေး

ဒဂုံအရှေ့ ဇွန် ၁၆

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်‌ (အရှေ့ပိုင်း) မြို့နယ်အတွင်းရှိ နိုင်ငံတော်အစိုးရမှထောက်ပံ့သော အသက် (၈၅) နှစ်အထက် ဘိုးဘွားများအတွက် လူမှုရေးပင်စင်များအား ရပ်ကွက် / ကျေးရွာများတွင်တာဝန်ရှိသူများက အိမ်တိုင်ရာရောက် ဆက်လက်ထောက်ပံ့ပေးအပ်လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက အမှတ်(၂)ရပ်ကွက် တွင် ဆက်လက် ထောက်ပံ့ပေးအပ်ကြောင်း သိရသည်။

အဆိုပါ ထောက်ပံ့ငွေများ ပေးအပ်ရာတွင် မြို့ပေါ်ရပ်ကွက် / ကျေးရွာ (၃၁) ရပ်ကွက် အတွင်းရှိအသက် (၈၅) နှစ်အထက် ဘိုး၊ ဘွား စုစုပေါင်း (၄၇၂) ဦး တို့အတွက် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ပထမသုံးလပတ် (ဧပြီ၊ မေ၊ ဇွန်လ) များအတွက် လူမှုရေးပင်စင် အကျိုးခံစားခွင့် တစ်ဦးလျှင် သုံးသောင်းကျပ်နှုန်းဖြင့် (၄၇၂) ဦး စုစုပေါင်းထောက်ပံ့‌ငွေကျပ် (၁၄၁,၆၀,၀၀၀) အား ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများက မိမိတို့ ရပ်ကွက် / ကျေးရွာရှိ အသက်(၈၅)အထက် ဘိုးဘွားများထံ လူမှုရေးပင်စင်များအား အိမ်တိုင်ရာရောက် လက်ဝယ်လိုက်လံ၍ ထောက်ပံ့ပေးအပ်လျက်ရှိကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

ဝင်းအိမွန်(ပြန်/ဆက်)