မိုင်းလုံမြို့  လူထုအခြေပြုဗဟိုဌာန  (Community  Centre) ခန်းမ၌ ကျန်းမာရေးဆိုင်ရာ အသိ ပညာပေး ဆွေးနွေးပွဲဆောင်ရွက်

မိုင်းလုံ ဇွန် ၁၆

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့တွင်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက  မြို့နေပြည်သူများ မိမိတို့သိသည့် ကျန်းမာရေးဆိုင်ရာအကြောင်း အရာများကို  စာပေချစ်မြတ်နိုးသူများအချင်းချင်း အသိပညာဗဟုသုတများဖလှယ်ပြီး အချိန်ကို အကျိုးရှိစွာ အသုံးပြုနိုင်ရန်ရည်ရွယ်၍ ယနေ့နံနက်(၉)နာရီခွဲအချိန်ခန့်က   လူထုအခြေပြုဗဟိုဌာန   (Community  Centre)  ခန်းမ၌  ကျန်းမာရေးဆိုင်ရာအသိပညာပေး ဆွေးနွေးပွဲကို ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ ဆွေးနွေးပွဲကို စာရေးဆရာဒေါက်တာလှကြည် (အာဟာရဆရာဝန်ကြီး)၏ “ဆီးချိုသွေးချိုရောဂါနှင့် မြန်မာဓလေ့အစားအစာ” စာအုပ်ပါ အကြောင်းအရာများကိုအခြေခံပြီး စတင်‌ ‌‌ ဆွေးနွေးရာ စာအုပ်ပါအချက်အလက်များနှင့်သက်ဆိုင်သော အကြောင်းအရာများ၊ အခြားမိမိတို့သိရှိထားသော ကျန်းမာရေးဗဟုသုတများကို အပြန်အလှန်ဆွေးနွေးကြရာ (Book Club) အသင်းမှ နန်းသီတာက သွေးချိုတက်လွန်ခြင်း၊ ကျလွန်ခြင်းတို့မဖြစ်အောင် ထိန်းသိမ်း စားသောက်ခြင်း၊  ဒေါ်စုစုဝင်းမှ အာဟာရစုံလင် ပြည့်ဝမျှတအောင် စားသောက်ခြင်းသည် ကျန်းမာရေးအတွက် အကျိုးပြုကြောင်းကို အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါဆွေနွေးပွဲ တက်ရောက်လာသူများကလည်း ယခုလို ကျန်းမာရေးဆွေးနွေးပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဦးဆောင်၍ ဆောင်ရွက်ပေးရာ မိမိတို့သိသည့်အသိများကို မိတ်ဆွေအချင်းချင်းဖလှယ်နိုင်ပြီး ကျန်းမာရေးအသိများတိုးသောကြောင့် ကျေးဇူးတင်စကား‌ ပြောကြားခဲ့ကြောင်း သိရသည်။

ဇော်ဇော်(ပြန်/ဆက်)