နမ္မတူမြို့နယ် အခြေခံပညာမူလတန်းကျောင်း(ကြူဆော့)၌ အသိပညာပေးဟောပြောပွဲများ ကျင်းပ

နမ္မတူ ဇွန် ၁၆

ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်ရုံး၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့် မြို့နယ်ပညာရေးဌာနတို့ပူးပေါင်း၍ မူးယစ်ဆေးဝါးအန္တရာယ်နှင့်သဘာဝဘေး အန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် (၁၀)နာရီအချိန်က အခြေခံပညာမူလတန်းလွန်ကျောင်း (ကြူဆော့)၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အသိပညာပေး ဟောပြောပွဲတွင် ရှေ့ဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှ ဒုတိယဦးစီးမှူး ဒေါ်ချစ်ချစ်ပိုင်က ကျောင်းသားကျောင်းသူလေးများ မူးယစ်ဆေးဝါး အန္တရာယ်ကြိုတင်ကာကွယ်နိုင်စေရေးအတွက် မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် ရရှိနိုင်သည့် ကျန်းမျာရေးဆိုင်ရာဆိုးကျိုးများ၊ စီးပွားရေးဆိုင်ရာဆိုးကျိုးများ၊ လူမှုရေးဆိုင်ရာဆိုးကျိုးများနှင့် ဥပဒေအရ အရေးယူခံရနိုင်သည့် ဆိုးကျိုးများအား ရှင်းလင်းဟောပြောခဲ့သည်။

ထို့နောက် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ အကြီးတန်းစာရေး ဒေါ်မြတ်သူနှင်းက မိုးကြိုးဘေး၊ မြေပြိုဘေး၊ ရေဘေးအန္တရာယ်များနှင့် ပတ်သက်၍ ဆောင်ရန်ရှောင်ရန်အချက်များ၊ လိုက်နာဆောင်ရွက်ရမည်အချက်များအား ကျောင်းသားကျောင်းသူလေးများ ကျယ်ကျယ်ပြန့်ပြန့်သိရှိပြီး လိုက်နာဆောင်ရွက်နိုင်စေရေး အသိပညာပေးဟောပြောခဲ့ပြီး ဌာနမှထုတ်ဝေသည့် ဘေးအန္တရာယ်(၈)မျိုးဆိုင်ရာ ကြိုတင်ကာကွယ်ရေးအသိပညာပေး လက်ကမ်းစာစောင်များအား အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း မြို့နယ်ဦးစီးမှူး ဦးသိန်းဟန်ထံက သိရသည်။

လူမော် (ပြန်/ဆက်)