ကျောက်ဆည်မြို့နယ်တွင်  ဆင်းရွှေကြာ-၂ မျိုးစေ့ထုတ်နေကြာသီးနှံစိုက်ဧက(၂၀၀.၁၀)ဧက လျာထားစိုက်ပျိုး

ကျောက်ဆည် ဇွန် ၁၆

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် စားသုံးဆီဖူလုံပိုလျှံရေးအတွက် ၂၀၂၂-၂၀၂၃ ခုနှစ်တွင် ဒေသနှင့်ကိုက်ညီသည့် ဆင်းရွှေကြာ-၂ မျိုးစေ့ထုတ်နေကြာသီးနှံစိုက်ဧက(၂၀၀.၁၀)ဧကလျာ ထား စိုက်ပျိုးလျက်ရှိရာ (၁၅၈.၆၀)ဧက စိုက်ပျိုးပြီးကြောင်းနှင့် နေကြာသီးနှံစိုက်ခင်းများ အောင်မြင် ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ်တွင် မျိုးစေ့ထုတ်ဆင်းရွှေကြာ-၂ နေကြာသီးနှံများကို မှိုင်းပန်ကျေးရွာတွင် (၅၅.၁၀)ဧက၊ ကလေးကျေးရွာတွင်(၅)ဧက၊ ရှားပင်ကျေးရွာတွင်(၂၀)ဧက၊ ဒွေလှကျေးရွာတွင် (၆၁.၅၀)ဧက၊ အနောက်ရွာတော်ကျေးရွာတွင် (၃)ဧက၊ ကြောင်ပန်းကုန်းကျေးရွာတွင်(၁၄)ဧက စုစုပေါင်း(၁၅၈.၆၀)ဧက စိုက်ပျိုးပြီးကြောင်း မြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာ နမှ သိရသည်။

မျိုးစေ့ထုတ်နေကြာစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းရေးအတွက် မြိုနယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက တောင်သူများနှင့်ပူးပေါင်းပြီး ထယ်ရေးပြုပြင်ချိန်မှစတင်ပြီး စိုက်ပျိုးနည်းစနစ်များ၊ အပင်ပြုစုခြင်းနည်းစနစ်များကို အချိန်နှင့်တစ်ပြေညီ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရကာ ထွက်ရှိလာသော နေကြာမျိုးစေ့များကို စားသုံးဆီဖူလုံပိုလျှံရေးအတွက် နေကြာစိုက်တောင်သူထံသို့ ဖြန့်ဖြူးပေး သွားမည်ဖြစ်ကြောင်း သိရသည်။   

သက်မောင်(ကျောက်ဆည်)