အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့(ဒုတိယအဖွဲ့ခွဲ)၏ စတုတ္ထအကြိမ်ဧကာ ဒသမအစည်းအဝေးကျင်းပ

ရန်ကုန်  ဇွန်  ၁၆

အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့(ဒုတိယအဖွဲ့ခွဲ)၏ စတုတ္ထအကြိမ်ဧကာဒသမ အစည်းအဝေးကို ယနေ့နေ့လယ်၁နာရီအချိန်တွင်မ ရမ်းကုန်းမြို့နယ် နိုင်ငံတော်သံဃမဟာနာယက ဆရာတော်ကြီးများ သီတင်းသုံးတော်မူရာ မဟာနာယကကျောင်းတော်ကြီး၏ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် သဘာပတိအဖြစ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌအဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘဒ္ဒန္တစိတြဉာဏ (ကံမဆရာတော်)က ဆောင်ရွက်တော်မူပြီး အခမ်းအနားမှူးအဖြစ် တွဲဖက်အကျိုးတော်ဆောင် အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ ဘဒ္ဒန္တစန္ဒဝံသာ လင်္ကာရာဘိဝံသ(ရွှေဘိုဆရာတော်)က ဆောင်ရွက်သည်။

အစည်းအဝေးကို“သာသနဿစလောကဿ” အစချီသောဂါထာကို ၃ ကြိမ်ရွတ်ဆို၍ ဖွင့်လှစ်ကြပြီး ဒုတိယဥက္ကဋ္ဌ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိကဘဒ္ဒန္တစိတြဉာဏ (ကံမဆရာတော်)က သြဝါဒကထာမြွက်ကြားသည်။

ထို့နောက်အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ (ဒုတိယအဖွဲ့ခွဲ)၏ စတုတ္ထအကြိမ် ဒသမအစည်းအဝေးမှတ်တမ်း(ဒု-စ၁၀/၂၀၂၂)ကို ဖတ်ကြားအတည်ပြုကြပြီး ဝိနိစ္ဆယရေးရာ တင်ပြချက်များ၊ သာသနာရေးရာတင်ပြချက်များ၊ ပညာရေးရာတင်ပြချက်များနှင့် အထွေထွေ ကိစ္စရပ်များကို ဆွေးနွေးဆုံးဖြတ်ကြကာ အစည်းအဝေးကို “ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု” ၃ ကြိမ် ရွတ်ဆို ဆုတောင်း၍  ရုပ်သိမ်းခဲ့သည်။

အစည်းအဝေးသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ တာဝန်ကျ (ဒုတိယအဖွဲ့ခွဲ) ဆရာတော် ၁၅ ပါး တက်ရောက်ကြပြီး သာသနာရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသိန်းဝင်း၊ သာသနာရေးရာနှင့် ဝိနိစ္ဆယဌာနခွဲ၊ ညွှန်ကြားရေးမှူး ဦးမျိုးဝင်းအောင်၊ သာသနာရေး ဦးစီးဌာနနှင့် သာသနာတော် ထွန်းကားပြန့်ပွားရေးဦးစီးဌာနတို့မှ အရာထမ်း၊  အမှုထမ်းများ တက်ရောက်ကြကြောင်း သိရသည်။

အောင်မြင့်